Friday, January 30, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeInternationalတရုတ်နှင့် အာဆီယံ ပညာရှင်များက...

တရုတ်နှင့် အာဆီယံ ပညာရှင်များက အေအိုင် အရေးဆွေးနွေး

​ကွာလာလမ်ပူရ်၊ ဇန်နဝါရီ ၂၄ ရက်

​တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များသည် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ အေအိုင်စွမ်းဆောင်ရည်မြှင့်တင်ရေး လေ့ကျင့်သင်တန်းအစီအစဉ်နှင့် အသုံးတွင်လျက်ရှိသည့်အေအိုင်နည်းပညာများနှင့် အုပ်ထိန်းမှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

​ပြီးခဲ့သည့် သောကြာနေ့က ကွာလာလမ်ပူရ် မြို့၌ ကျင်းပခဲ့သော အဆိုပါတွေ့ဆုံပွဲသို့ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး လျင်မြန်စွာ ပြောင်းလဲနေသော နည်းပညာများနှင့် မြင့်တက်လာသော အုပ်ထိန်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြားတွင် အသုံးတွင်လျက်ရှိသောဉာဏ်ရည်တု (အေအိုင်) နည်းပညာများနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပေါ် ဘုံသဘောတူညီချက်များ ရှာဖွေရန်နှင့် အမြင်ချင်းဖလှယ်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

​တရုတ်နိုင်ငံ အလိုအလျောက်ထိန်းချုပ်မှုစနစ်အသင်း ဒုတိယဥက္ကဋ္ဌနှင့် တရုတ်သိပ္ပံအကယ်ဒမီ၊ အလိုအလျောက်ထိန်းချုပ်မှုစနစ်အင်စတီကျု မှ ပါမောက္ခ ဇင်ဂွမ် က ပြောကြားရာတွင် အေအိုင်နည်းပညာသည် အလိုအလျောက်ထိန်းချုပ်မှုစနစ်များ၊ ဒစ်ဂျစ်တယ်နည်းပညာများနှင့် နက်ရှိုင်းစွာ ပေါင်းစပ်လာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းကို ပုံဖော်နေပြီး ထုတ်လုပ်မှုနှင့် နေ့စဉ်လူမှုဘဝအပေါ် နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးနေကြောင်း ပြောကြားခဲ့သည်။

​တရုတ်နိုင်ငံအနေဖြင့် အလိုအလျောက်ထိန်းချုပ်မှု နယ်ပယ်တွင် သုတေသနပြုခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စက်မှုလုပ်ငန်းသုံး အသုံးချမှုတို့၌ ကြွယ်ဝသော အတွေ့အကြုံများရှိနေပြီး ၎င်းမှာ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနှင့် နည်းပညာတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း ဟော က မှတ်ချက်ပြုပြောကြားခဲ့သည်။

​တစ်ချိန်တည်းမှာပင် ယူနက်စကို အရှေ့အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ ရှာဘတ်ဇ် ခန်း က အေအိုင်သည် စက်မှုလုပ်ငန်းများ၊ လူ့အဖွဲ့အစည်းများနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပုံစံများကို ပြောင်းလဲပစ်နေကြောင်း ပြောကြားခဲ့သည်။ အေအိုင် သည် မကြုံစဖူးသော အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးသကဲ့သို့ ကြီးမားသော စိန်ခေါ်မှုများကိုလည်း ဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် အားလုံးပါဝင်နိုင်သော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တရားမျှတသော အေအိုင် အုပ်ထိန်းမှုစနစ်တစ်ခု တည်ဆောက်ရန်မှာ သက်ဆိုင်သူအားလုံး၏ ဘုံတာဝန်ဖြစ်လာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

​အာဆီယံနိုင်ငံများသည် အရေးကြီးသော အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အေအိုင် စွမ်းဆောင်ရည်မြှင့်တင်မှုကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း အာရှနှင့် ပစိဖိတ်ဒေသ အင်ဂျင်နီယာအဖွဲ့အစည်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ကျော်မြတ်က ပြောကြားခဲ့သည်။

​ တုန်ကူ အဗ္ဒူ ရာမန် တက္ကသိုလ် အဓိပတိ အီ ဟောင် တတ် ကလည်း အေအိုင်သည် စီးပွားရေးဖွဲ့စည်းပုံများ၊ ပြည်သူ့ဝန်ဆောင်မှုများ၊ အမျိုးသားလုံခြုံရေးနှင့် လူမှုဖူလုံရေးတို့အပေါ် လျင်မြန်စွာ လွှမ်းမိုးလာနေကြောင်း ပြောကြားခဲ့သည်။

​၎င်းက “အေအိုင်ရဲ့ အလားအလာက ကြီးမားပေမယ့် အုပ်ချုပ်မှု၊ ကျင့်ဝတ်၊ ဆိုင်ဘာလုံခြုံရေး၊ စံချိန်စံညွှန်းနဲ့ လူထုယုံကြည်မှုတို့နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ မေးခွန်းတွေကိုလည်း ပေါ်ပေါက်စေပါတယ်။ ဒီစိန်ခေါ်မှုတွေကို အဖွဲ့အစည်းတစ်ခုတည်း ဒါမှမဟုတ် နိုင်ငံတစ်ခုတည်းက ဖြေရှင်းလို့ မရပါဘူး။ အစိုးရ၊ ပညာရှင်အသိုင်းအဝိုင်း၊ စက်မှုလုပ်ငန်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

​ဆွေးနွေးပွဲအတွင်း အေအိုင်ပညာရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု၊ တရုတ်-အာဆီယံ AI ပူးပေါင်းဆောင်ရွက်ရေး အလားအလာများအပေါ် စားပွဲဝိုင်းဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်းသိရှိရပါသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင် အသွား၊အပြန် စက်ဘီးပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃၆)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) ပြိုင်ပွဲဖြစ်ပြီး တိုက်ကြီးမြို့၊ ဆည်မြောင်းရုံး ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး မှန်ပြတောင်ပေါ်ကို အသွားအပြန်စီးကာ ဆည်မြောင်းရုံးရှေ့မှာပင် ပန်းဝင်ရမည်ဖြစ်သည်။ " စက်ဘီးစီးပြိုင်ပွဲဝင်ဖို့အတွက် အဲဒီမှန်ပြတောင်မှာ တစ်ပါတ်လောက်ကြိုပြီးသွားလေ့ကျင့်နေရတယ်။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အလေ့အကျင့်မရှိပဲ ဝင်ပြိုင်လို့မရဘူး။ လမ်းခရီးနည်းနည်းတော့ ကြမ်းတယ်။ တချို့နေရာဆိုရင် စက်ဘီးနင်းမရဘူးဆိုရင် ထမ်းပြီးသွားရတယ်" ဟု စက်ဘီးစီးပြိုင်ပွဲဝင်တစ်ဦးက...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေစဥ် နှစ်နိုင်ငံအစည်းအဝေးကျင်းပပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် သည်။ ထို့ပြင် အစည်းအဝေး၌ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visiststump အား ယနေ့ ဇန်နဝါရီ ၂၆ ရက်မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအား နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံမှပါဝင်လေ့လာခဲ့မှုနှင့် မဲဆန္ဒရှင်များအနေဖြင့် မည်သည့်တိုက် တွန်းချက်မှမပါဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒအလျောက်လာရောက်ဆန္ဒမဲများပေးကြသည်ကိုတွေ့ရှိရမှု၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071