Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeInternationalတရုတ်နှင့် လာအိုတို့ ပူးပေါင်း၍...

တရုတ်နှင့် လာအိုတို့ ပူးပေါင်း၍ AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာတည်ဆောက်မည်

ဗီယန်ကျင်း၊ ဖေဖော်ဝါရီ ၂၅

တရုတ်နိုင်ငံ၏ ကွမ်ရှီး ဇွမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် လာအိုနိုင်ငံတို့ပူးပေါင်း၍ တနင်္ဂနွေနေ့တွင် တရုတ်-လာအို ဉာဏ်ရည်တု နည်းပညာ ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ ပူးတွဲတည်ထောင်ရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့သည်။

ဤသဘောတူညီမှုသည် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြားတွင် ပထမဆုံးဦးဆုံး ဉာဏ်ရည်တု နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်မှု ပလက်ဖောင်း အဖြစ် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ ၎င်းသည် နည်းပညာခေတ်တွင် လာအိုနိုင်ငံ၏ ဉာဏ်ရည်တု နည်းပညာ နှင့် ပတ်သတ်သော အခြေခံစွမ်းရည်များကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ကဏ္ဍအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေရန် ရည်ရွယ်ထားသည်။

ဆွေးနွေးပွဲတွင် ပါဝင်သည့် ကွမ်ရှီး ကိုယ်စားလှယ်အဖွဲ့၏အဆိုအရ တရုတ်နှင့် လာအို၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ဤစီမံကိန်းသည် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုမှ စတင်ပြီး လက်မှတ်ရေးထိုးခြင်းအထိ အချိန်တိုအတွင်း ပြီးစီးခဲ့သည်။ ၎င်းသည် ဉာဏ်ရည်တု နည်းပညာ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံစလုံး၏ ခိုင်မာသော သဘောတူညီမှုနှင့် ထိရောက်စွာ အကောင်အထည်ဖော်မှုကို အပြည့်အဝပြသနေပါသည်။

ကွမ်ရှီး ကိုယ်စားလှယ်အဖွဲ့ မှပြောကြားချက်အရ ယခုကဲ့သို့ အောင်မြင်မှုသည် ဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများကို ရယူရှာဖွေရာတွင် တရုတ်နှင့် လာအိုတို့၏ လက်တွေ့ဆန်သော ချဉ်းကပ်မှုများကို တွေ့မြင်နိုင်ပါသည်။ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သော ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် ဂေဟစနစ်တစ်ခု ကိုတည်ဆောက်ရာတွင် လွယ်ကူချော့မွေ့စွာပူးပေါင်းဆောင်ရွက်နိုင်ရန် တရုတ်-အာဆီယံ ပူးတွဲကြေညာချက် ကို နှစ်ဘက်လုံးက လိုက်နာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကွမ်ရှီး ကိုယ်စားလှယ် အဖွဲ့ကထပ်မံပြောကြားခဲ့သည်။

ကွမ်ရှီး နှင့် အာဆီယံနိုင်ငံများသည် တရုတ်-အာဆီယံ ဉာဏ်ရည်တု နည်းပညာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနကို တရုတ်အစိုးရမှ အဆိုပြုထားသည့် အားလုံးအတွက် ပိုမိုကောင်းမွန်သော ဉာဏ်ရည်တု နည်းပညာ စွမ်းရည်တည်ဆောက်ရေး လုပ်ဆောင်ချက်အစီအစဉ် ကို အကောင်အထည်ဖော်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။

ရှေ့ဆက်၍ ကွမ်ရှီး သည် ဤပူးပေါင်းဆောင်ရွက်မှုမှ အစပြု၍ အာဆီယံနိုင်ငံများနှင့် တရုတ်-အာဆီယံ ဉာဏ်ရည်တု နည်းပညာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာများကို ပူးတွဲတည်ထောင်ရန် ရည်ရွယ်ထားသည်။ ထို့အပြင် အာဆီယံနိုင်ငံများအား နိုင်ငံအလိုက် သီးခြားလွတ်လပ်၍ ထိန်းချုပ်နိုင်သော ဉာဏ်ရည်တု နည်းပညာ အပေါ် လုပ်ပိုင်ခွင့်ခွင့် အပြည့်ရှိသောပုံစံကို တည်ဆောက်ရန်ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ ဉာဏ်ရည်တု နည်းပညာ ၊ နိုင်ငံဖြတ်ကျော်ဒေတာ လွှဲပြောင်းပို့ဆောင်ဖလှယ်ခြင်း ၊ စွမ်းရည်မြှင့်သင်တန်းများနှင့် အခြားနယ်ပယ်များတွင် တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်မြှင့်တင်သွားမည်ဖြစ်သည်။

ဤစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ဉာဏ်ရည်တု နည်းပညာကို တိုးတက်မြှင့်တင်ပြီး ဆန်းသစ်တီထွင်မှုများ လုပ်ဆောင်နိုင်ရန် အားပေးခြင်း၊ အာဆီယံ နိုင်ငံများ၏ ဘာသာစကားများနှင့် ယဉ်ကျေးမှု များကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ပံ့ပိုးမှုများပြုလုပ်ခြင်း၊ လူသားမျိုးနွယ် အားလုံးအတွက် အကျိုးရှိစေမည့် ဉာဏ်ရည်တု နည်းပညာ အသုံးချမှု အဆင့်မြှင့်တင်ခြင်း၊ ဉာဏ်ရည် အဆင့်အတန်းနှင့် လူမှုဖူလုံရေးကို တိုးတက်စေရေး ကူညီပံ့ပိုးရန် ရည်ရွယ်ပါသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ်...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။          လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင်...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071