ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ရုရှားအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရုရှားသမ္မတရုံး အမှုဆောင်အဖွဲ့ ဒုတိယအကြီးအကဲ မက်ဆင်မ် အိုရက်ရ်ှကင်း (Maxim Oreshkin) က တနင်္လာနေ့မှ ကြာသပတေးနေ့အထိ ဆိုချီမြို့ (Sochi) တွင် ကျင်းပသော ဗယ်လ်ဒိုင်း နိုင်ငံတကာ ဆွေးနွေးပွဲကလပ် (Valdai International Discussion Club) ၏ နှစ်ပတ်လည် အစည်းအဝေးကြား သီးသန့်ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အိုရက်ရ်ှကင်းက “တရုတ်နိုင်ငံနဲ့ ထိတွေ့ပူးပေါင်းခြင်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်နိုင်ငံအတွက်မဆို ကြီးမားတဲ့ အခွင့်အလမ်းတွေကို ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့ မြင်တွေ့ရတဲ့အတိုင်း တရုတ်နိုင်ငံဟာ BRICS အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ချွင်းချက်မရှိတက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နေတာကို တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။
ရုရှား-တရုတ် ဆက်ဆံရေးနှင့်ပတ်သက်၍ ၎င်းက ပြီးခဲ့သည့် ငါးနှစ်မှ ဆယ်နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများလည်း သိသိသာသာ တိုးတက်လာကြောင်း သူကမှတ်ချက်ပြုခဲ့သည်။
