Friday, August 7, 2026

သြဂုတ် ၁၂ ရက်မှ ၁၇...

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊...

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂...

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက်...

ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာ့နာနတ်သီး ၄.၃၂...

ချင်းရွှေဟော်၊ ဩဂုတ်-၇​တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီး ၄.၃၂ တန်ကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြောင်း ယူနန်အခြေစိုက်သတင်းဌာန၏ ဖော်ပြချက်အရ...
HomeInternationalတရုတ်နှင့်စင်္ကာပူပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ရှီက လီရှန်လွန်းကိုပြော

တရုတ်နှင့်စင်္ကာပူပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ရှီက လီရှန်လွန်းကိုပြော

ပေကျင်း၊နိုဝင်ဘာ ၂၆

တရုတ်သမ္မတရှီကျင့်ဖျင်သည် စင်္ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီရှန်လွန်းနှင့်တွေ့ဆုံစဉ် နှစ်ဘက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဝါဒများပေါင်းစပ်ညှိနှိုင်းရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးပိုမိုမြှင့်တင်ရန် ပြောကြားခဲ့သည်ဟုသိရသည်။

ယင်းနောက်သမ္မတရှီက မစ္စတာလီရှန်လွန်း ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ရန်ကာလတစ်လျှောက် စင်္ကာပူ၏ထူးထူးခြားခြားအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ပြီး ၎င်းတာဝန်ယူထားစဉ်ကာလတစ်လျှောက် တရုတ် – စင်္ကာပူချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ခဲ့သည့်အတွက်လည်းချီးကျူးစကားဆိုခဲ့သည်။

နှစ်ဖက်တာဝန်ရှိသူများသည် ယမန်နှစ်ကစ၍ ပူးပေါင်းဆောင်ရွက်မှုများကို သိသိသာသာမြှင့်တင်နိုင်ခဲ့သလို နှစ်ဘက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများကိုလည်း ချမှတ်အကောင်အထည်ဖော်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။

လာမည့်နှစ်တွင် စင်္ကာပူ – တရုတ်သံတမန်ဆက်ဆံရေးသည် ၃၅ နှစ်ပြည့်ပြီဖြစ်ရာ အဆိုပါချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် နှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးတို့အတွက် ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်းဆိုခဲ့သည်။

ဆက်လက်၍လည်း ပြောင်းလဲလာသောကမ္ဘာ့အနေအထားများ၊ အမျိုးမျိုးသောစိန်ခေါ်မှုများနှင့်ခြိမ်းခြောက်မှုများအကြား ပူးပေါင်းဆောင်ရွက်မှု၊စည်းလုံးညီညွတ်မှု၊ပွင့်လင်းမြင်သာမှုနှင့် အများနှင့်ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ခြင်းမရှိဘဲ နိုင်ငံတစ်နိုင်ငံတည်းသီးသန့်ရပ်တည်ရန်လည်းမဖြစ်နိုင်ကြောင်း သမ္မတရှီကဆက်လက်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြစ်၌ ထူးကဲဒီရေ တက်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် သတိပေး

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌ နေထိုင်သူများအနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ ရက်များအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၂၇ ပေမှ ၂၁.၁၆ ပေခန့်အထိ သာမန်ထက် ထူးကဲစွာ တက်လာနိုင်ကြောင်း သိရသည်။ ယခင်က ထူးကဲဒီရေ အမြင့်ဆုံးအနေဖြင့် ၂၂ ပေခန့်အထိ...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဟန်ချက်ညီစေရန် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ (၂) ရပ်နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းသွားမည်...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂ ဦး ‌ေ-သဆုံးပြီး ၂၀ ကျော် ဒ-ဏ်ရာရ

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက် ဒ-ဏ်ရာရသွားတယ်လို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။ ​ကနဦး ထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် ‌ေ-သဆုံးသွားသူတွေဟာ ကျောင်းဆရာ/မ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒ-ဏ်ရာရသွားတဲ့သူတွေထဲက ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြပါပြီ။ အနီးအနားက ဒေသခံတွေကိုလည်း အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဆီ မသွားကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071