Wednesday, December 17, 2025

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း...

မန္တလေးတက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အထူးထုတ်...

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)...

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး...

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင်...
HomeInternationalတရုတ်နဲ့ရုရှားတို့က တောင်တရုတ်ပင်လယ်မှာ ကျည်အစစ်သုံး...

တရုတ်နဲ့ရုရှားတို့က တောင်တရုတ်ပင်လယ်မှာ ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်မှု စတင်

တရုတ်နဲ့ ရုရှားတို့ဟာ တောင်တရုတ်ပင်လယ်ဒေသမှာ ကျည်အစစ်အသုံးပြုတဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်တယ်လို့ နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်သတင်းစာက အင်္ဂါနေ့မှာ သတင်းဖော်ပြပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ၂ နိုင်ငံစလုံး ကြုံခဲ့ရအပြီးမှာ တရုတ်နဲ့ရုရှားတို့ဟာ စစ်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ အားကောင်းလာခဲ့ပါတယ်။

သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွက် နှစ်နိုင်ငံမှ အနည်းဆုံး စစ်သင်္ဘော သုံးစင်းစီ ဖြန့်ကျက်သွားမှာဖြစ်တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ကို ကိုးကားပြီး သတင်းစာက ဖော်ပြခဲ့ပါတယ်။ မြောက်ပစိဖိတ် ရေပြင်မှာ ၂ နိုင်ငံ ရေတပ်တွေ ပူးတွဲ ကင်းလှည့်မှုဆောင်ရွက်ခဲ့ပြီးနောက်မှာ ယခု စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာလည်းဖြစ်ပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွေမှာ စစ်ရေယာဉ် စုဖွဲ့လေ့ကျင့်မှု၊ ကျည်အစစ်သုံး ပစ်ခတ်လေ့ကျင့်မှု၊ ကင်းထောက်ခြင်း၊ တင်ကြိုသတိပေးမှုလုပ်ခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးနဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှုတွေ ပါဝင်မယ်လို့ တရုတ်တပ်မတော် PLA က ပြောဆိုကြောင်း အင်္ဂါနေ့ညပိုင်းသတင်းမှာ ဂလိုဘယ်တိုင်းမ်က ဖော်ပြခဲ့ပါတယ်။

တရုတ်-ရုရှား ပူးတွဲကင်းလှည့်မှုဟာ လမ်းကြောင်းစုံနဲ့ နယ်ပယ်စုံမှာ နှစ်နိုင်ငံအကြား နက်ရှိုင်းပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးတယ်လို့ PLA ရေတပ်ရဲ့ တောင်ပိုင်းစစ်ဒေသဆိုင်ရာ တာဝန်ရှိသူ Wang Guangzheng က စီစီတီဗီ သတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။ ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ပူးတွဲတုန့်ပြန်ရာမှာ နှစ်ဖက်စလုံးရဲ့ စွမ်းဆောင်ရည်ကို ထိရောက်အားကောင်းစေတယ်လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မယ့် စစ်သင်္ဘောတွေဟာ နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် Zhanjiang ဆိပ်ကမ်းကနေ တနင်္လာနေ့မှာ ထွက်ခွာသွားခဲ့တယ်လို့ PLA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြကြောင်း သတင်းစာက ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်မယ့် ရေလမ်းကြောင်းနဲ့ ပတ်သက်လို့တော့ သတင်းမှာ တိတိကျကျ ဖော်ပြထားခဲ့ခြင်း မရှိပါဘူး။ 

Ref: Asia One

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာထုတ်ပြန်ခဲ့

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဝင်ခွင့်ရသူများစာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သော www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website ဖြစ်သည့် www.dhe.gov.mm တို့တွင်ကြေညာပေးထားကြောင်း သိရသည်။

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒု-ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် နိုင်ငံတော်မှဝယ်ယူဖြည့်တင်းပေးခဲ့သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်/စက်ပစ္စည်းကိရိယာများနှင့်အတူ ငလျင်ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များကို သရုပ်ပြသခဲ့ကြကြောင်း သိရသည်။ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်တွင် နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရမှုများအပေါ် သုံးသပ်ချက်၊ သင်ခန်းစာဖော်ထုတ်ချက်များအရ...

မန္တလေးတက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးကို ဒီဇင်ဘာ ၂၁ ရက် က စတင်ပြီး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် စတင်ရောင်းချမည့် ဒီဇင်ဘာ (၂၁) ရက်နေ့၌ ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်းများပေါ်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071