မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံမှ အရေးပေါ်လူသားချင်းစာနာထောက် ထားမှုအကူအညီပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိရာ (၁၅)သုတ်မြောက်အဖြစ် မေ ၂၃ ရက်နှင့် ၂၄ ရက်တို့ကထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။
အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော ရုံးခန်းသုံး Prefabricated House နှင့် ဆက်စပ်ပရိဘောဂများ(၁၆၀) စုံ၊ ရိုးရိုးသာမန် Prefabricated House (၁,၁၂၀)စုံ၊ ဒီဇယ်ဆီ တန်ချိန်(၁၂,၀၀၀) နှင့် ဓာတ်ဆီတန်ချိန်(၃,၀၀၀)တို့သည် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing မှ မေ ၂၅ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။