Saturday, June 27, 2026

လက်ဘနွန်သဘောတူညီချက်ကို “အီရန်အတွက် အထိနာစေမှု” အဖြစ်...

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်ဘနွန်နိုင်ငံနဲ့ ပတ်သက်ပြီး ရရှိခဲ့တဲ့ မူဘောင်သဘောတူညီချက်ဟာ "အီရန်ကို အထိနာစေတဲ့ ထိုးနှက်ချက်တစ်ခု"ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အီရန်အစိုးရရဲ့...

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...
HomeNewsLocal Newsတရုတ်နိုင်ငံသို့ သွားရောက်ရန် ပွဲစားများ၏...

တရုတ်နိုင်ငံသို့ သွားရောက်ရန် ပွဲစားများ၏ ခေါ်ဆိုမှုကြောင့် မြစ်ကြီးနားမြို့တွင် အခက်အခဲကြုံနေရသည့် ရခိုင်လူမျိုးများအား ထောက်ပံ့ငွေများပေးအပ်

တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားများ၏ ခေါ်ဆောင်မှုဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသည့် ရခိုင်လူမျိုး (၄၂) ဦးကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရခိုင်လူမျိုး (၄၂) ဦးသည် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ ပွဲစားများ၏ ခေါ်ဆောင်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အထောက်အထား မပြည့်စုံသည့် အတွက် တရုတ်နိုင်ငံသို့ သွားရောက်ခွင့်မရဘဲ မြစ်ကြီးနားမြို့တွင် အခက်အခဲများနှင့်ကြုံတွေ့နေခြင်းဖြစကြောင်း သိရသည်။

အဆိုပါ ရခိုင်လူမျိုး (၄၂) ဦးအား သြဂုတ် (၁၆) ရက်နံနက် (၁၀) နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ထောက်ပံ့ငွေများပေးအပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းတို့ကနေရပ်ပြန်မည့် ရခိုင်လူမျိုး (၄၂) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ငွေကျပ်(၈၄)သိန်း ကို‌ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့ပြင် တာဝန်ရှိသူများမှလည်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ဝေသည့် လူကုန်ကူးမှုအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရခိုင်လူမျိုး (၄၂) ဦးသည် တရုတ်နိုင်ငံသို့ သွားရောက်နိုင်ခြင်း မရှိဘဲ မြစ်ကြီးနားမြို့ရှိ တည်းခိုခန်းများတွင်ရောက်ရှိနေကာ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ကာ အခက်အခဲမျကြုံတွေ့နေရသည့် အတွက် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြအကူအညီတောင်းခံခဲ့သဖြင့် ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေကယ်ဆယ်ကာ နေရပ်ပြန်နိုင်ရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်ဘနွန်သဘောတူညီချက်ကို “အီရန်အတွက် အထိနာစေမှု” အဖြစ် နေတန်ယာဟု ချီးကျူး၊ တပ်ဖွဲ့ဝင်များ ပြန်ရုပ်သိမ်းမည်မဟုတ်ကြောင်း ကတိပြု

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်ဘနွန်နိုင်ငံနဲ့ ပတ်သက်ပြီး ရရှိခဲ့တဲ့ မူဘောင်သဘောတူညီချက်ဟာ "အီရန်ကို အထိနာစေတဲ့ ထိုးနှက်ချက်တစ်ခု"ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အီရန်အစိုးရရဲ့ တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ လုံခြုံရေးအကြောင်းပြချက်တွေကြောင့် လက်ဘနွန်တောင်ပိုင်းက အစ္စရေးစစ်တပ်တွေကို အခုလောလောဆယ် ပြန်လည်ရုပ်သိမ်းဦးမှာ မဟုတ်ကြောင်းလည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ "အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ရတဲ့ ညှိနှိုင်းပွဲတွေဟာ နောက်ဆုံးမှာတော့ အောင်မြင်မှုအသီးအပွင့်တွေ ရရှိခဲ့ပြီ" လို့ သိရပါတယ်။ Ynet သတင်းဌာနရဲ့ ဖော်ပြချက်အရ နေတန်ယာဟုက အခုလို ပြောဆိုခဲ့ပါတယ်။ "အရေးကြီးဆုံးအချက်ကတော့ အစ္စရေးဟာ...

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် စက်သုံးဆီခွဲတမ်း မရရှိမှုအပေါ် လွှတ်တော်တွင် မေးမြန်း

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စက်သုံးဆီခွဲဝေဖြန့်ဖြူးရေး အစီအစဉ်များကို သိရှိလိုကြောင်း နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့များသည် စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသများဖြစ်ကြောင်း၊ ဒေသခံများ၏ တင်ပြချက်များအရ စက်သုံးဆီဈေးနှုန်းများမှာ အစိုးရရည်ညွှန်းဈေးထက်...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန် ယူကရိန်းကို လူကာရှန်ကို သတိပေး

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဘီယော့ဗ်နှင့် တွေ့ဆုံစဉ် လူကာရှန်ကိုက “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းပဲ” ဟု ပြောကြားခဲ့ပြီး ဘီလာရုစ်နိုင်ငံ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးကို အခြေခံထားကြောင်း အလေးပေးပြောဆိုခဲ့သည်။ ထို့ပြင် ဘီလာရုစ်သည် ယူကရိန်းနှင့် အထူးသဖြင့် နယ်စပ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုခြင်းမရှိကြောင်း၊ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှုများဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071