ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒု စရို-က်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၇၈)ဦးကို ယနေ့ ဒီဇင်ဘာ ၄ ရက်က သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
၎င်းတို့ အားလူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၄ ရက်က လုံခြုံရေးအဖွဲ့ဝင်များသည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား(၂၅)ဦးနှင့် မြန်မာနိုင်ငံသား(၂၂၃)ဦး(စုစုပေါင်း ၂၄၈ ဦး)တို့အား တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများတွင်အသုံးပြုသည့် ကွန်ပျူတာမျိုးစုံ(၈၂) လုံး၊ မိုဘိုင်းဖုန်း(၉၂)လုံး၊ ဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများနေထိုင်လုပ်ကိုင်ခဲ့ကြသည့် (၃)ထပ်အဆောက် အအုံ(၅)လုံး၊ (၁)ထပ်အဆောက်အအုံ(၃)လုံးတို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရ၍ ပြန်လည်အသုံးချမှုမရှိစေရန် (၃)ထပ်အဆောက်အအုံ(၁)လုံးကို ယနေ့မှစတင်၍ စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။
