မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ Online လိမ်လည်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၁၈)ဦးကို ယနေ့ စက်တင်ဘာ ၃၀ ရက်က ထပ်မံစစ် ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသ(၂)ဦး၊ နီပေါနိုင်ငံသား(၇)ဦး၊ တောင်အာရိကနိုင်ငံသား(၄)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂)ဦး၊ ကင်မရွန်းနိုင်ငံသား(၁)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၁)ဦး၊ ဇင်ဘာဘွေနိုင်ငံသား(၁)ဦးတို့ကို ထပ်မံစစ်ဆေးဖော် ထုတ်နိုင်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရန် လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းများကို သက်ဆိုင်ရာဌာနဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၄၃၉)ဦးကိုစစ်ဆေးဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်(၉,၃၂၇)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့်ပြည်ပနိုင်ငံ သား (၁၁၂)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်း သိမ်းထားကြောင်း သိရသည်။
