မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၁၉)ဦး ၊ အီသီယိုးပီးယားနိုင်ငံသား(၁)ဦးနှင့် အိန္ဒိယနိုင်ငံသား(၁)ဦး (စုစုပေါင်း ၂၂ ဦး)ကိုဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန်လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကိုစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၃၂၁)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၉,၀၆၀)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂၆၁)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
Photo-MWD
