တရုတ်နိုင်ငံရှိ မြို့သုံးမြို့သို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ ယနေ့တွင် ကြိုတင်ဆန္ဒမဲစတင်ပေးနေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် မဲရုံဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့၊ စီချွမ်းပြည်နယ်နှင့် ဟူပေပြည်နယ်များသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တွင် ဒီဇင်ဘာ ၃ ရက် (ဗုဒ္ဓဟူးနေ့) (နံနက် ၀၉: ၃၀ အချိန်မှ ၁၇: ၃၀ အချိန်အထိ) မဲရုံ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ချုံချင့်မြို့၊ စီချွမ်းပြည်နယ်၊ချန်ဒူးမြို့နှင့် ဟူပေပြည်နယ် ဝူဟန်မြို့တို့တွင် ရောက်ရှိနေကြသည့် မဲဆန္ဒရှင်မြန်မာနိုင်ငံသားများ လာရောက်၍ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ကြိုတင်မဲဆန္ဒပေးခြင်းအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တွင် ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
