Monday, May 11, 2026

၂၀၂၆ခုနှစ် ပထမ (၃) လပတ်အတွင်း...

ယခုနှစ်တွင် ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှု နှစ်ဆတိုးရန် ခန့်မှန်း ၂၀၂၆ ခုနှစ် ပထမ (၃) လပတ်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ခရီးသွားဧည့်သည် (၉) သောင်းနီးပါး...

မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်နှင့် မဒါဂတ်စကာအပါအဝင်...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမဆုံးလဖြစ်သော ဧပြီလအတွင်း ပို့ကုန်ကုမ္ပဏီ ၄၄ ခုမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁၇၀,၀၀၀ ခန့်ကို...

ရန်ကုန်-မန္တလေး DEMU ရထား ခရီးစဉ်သစ်...

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားများကို ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့မှ...

မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) တွင် မြန်မာဒေသထွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် မေလ ၁၉ ရက်၌ ကျင်းပမည့် “ မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) ” တွင် မြန်မာဒေသထွက်...
HomeNewsLocal Newsတရုတ်နိုင်ငံမှလှူဒါန်းသည့် Prefabricated House...

တရုတ်နိုင်ငံမှလှူဒါန်းသည့် Prefabricated House များကို နေပြည်တော်ရှိ ငလျင်ဒ-ဏ်သင့်ကျောင်းများသို့ ဆက်လက်ပို့ဆောင်လှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကွန်တိန်နာ Prefabricated House များကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒ-ဏ်သင့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆက်လက်ပို့ဆောင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ရွာတော်ဘူတာသို့ ရထားဖြင့် ရောက်ရှိလာသည့် အဆိုပါ Prefabricated House စုစုပေါင်း (၁၉၂) လုံးကို နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်မှ ငလျင်ဒ-ဏ်သင့် ဘုန်းတော်ကြီးကျောင်း (၁၂၁) ကျောင်းနှင့် သီလရှင်ကျောင်း (၁) ကျောင်းတို့အတွက် ခွဲဝေပို့ဆောင်ပေးနေခြင်းဖြစ်သည်။ အဆိုပါ ပစ္စည်းများ ရောက်ရှိမှုနှင့် မော်တော်ယာဉ်များပေါ်သို့ လွှဲပြောင်းတင်ဆောင်နေသည့် အခြေအနေများကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မေလ ၉ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် နေပြည်တော်အတွက်သာမက မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ငလျင်ဒ-ဏ်သင့်ဒေသများသို့လည်း အလားတူ Prefabricated House များ ဆက်လက်ပေးပို့လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိသည်။ ယင်းသို့ ပို့ဆောင်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ခုနှစ် ပထမ (၃) လပတ်အတွင်း နိုင်ငံတကာခရီးသွား ၉ သောင်းနီးပါး ဝင်ရောက်၊

ယခုနှစ်တွင် ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှု နှစ်ဆတိုးရန် ခန့်မှန်း ၂၀၂၆ ခုနှစ် ပထမ (၃) လပတ်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ခရီးသွားဧည့်သည် (၉) သောင်းနီးပါး ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်မြို့ UMFCCI၌ ကျင်းပသည့်"Airlines & Tourism Indus try Forum" အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ထည့်သွင်းပြောကြားခဲ့သည်။ ယခုနှစ် ပထမ (၃) လအတွင်း ဧည့်သည် ဝင်ရောက်မှုနှုန်းအရ ၂၀၂၆ ခုနှစ်ကုန်မှာ ခရီးသွားအရေအတွက်သည် ယခင်နှစ်ထက် နှစ်ဆနီးပါးအထိ...

မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်နှင့် မဒါဂတ်စကာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမဆုံးလဖြစ်သော ဧပြီလအတွင်း ပို့ကုန်ကုမ္ပဏီ ၄၄ ခုမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁၇၀,၀၀၀ ခန့်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။ ​တင်ပို့မှု အခြေအနေ အဆိုပါ ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၈၁,၁၄၂ တန်နှင့် ဆန်ကွဲတန်ချိန် ၈၈,၄၁၇ တန်တို့ကို တင်ပို့ခဲ့ခြင်းဖြစ်ပြီး တင်ပို့မှုအားလုံးနီးပါးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ​အဓိက ဈေးကွက်များနှင့် နိုင်ငံများ ဆန်တင်ပို့မှုတွင် မဒါဂတ်စကာနိုင်ငံသို့ အများဆုံး တင်ပို့နိုင်ခဲ့ပြီး တရုတ်၊...

ရန်ကုန်-မန္တလေး DEMU ရထား ခရီးစဉ်သစ် ထပ်တိုးပြေးဆွဲမည်

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားများကို ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့မှ စတင်ကာ မနက် ၇ နာရီ ထွက်ခွာမည့် ခရီးစဉ်အသစ်တစ်စီး ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ လက်ရှိပြေးဆွဲနေသည့် အမှတ် ၃ (အဆန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ရန်ကုန်မှ ထွက်ခွာကာ ညနေ ၄ နာရီတွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ အသစ်ထပ်တိုးသည့် အမှတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071