Friday, December 12, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeInternationalတရုတ်နိုင်ငံတွင် မိုးခေါင်ရေရှားမှု သတိပေးချက်ကို...

တရုတ်နိုင်ငံတွင် မိုးခေါင်ရေရှားမှု သတိပေးချက်ကို ပထမဆုံး ထုတ်ပြန်

တရုတ်နိုင်ငံတွင် မိုးခေါင်ရေရှားမှု သတိပေးချက်ကို ပထမဆုံး ထုတ်ပြန်

ရှန်ဟိုင်း၊ သြဂုတ် ၁၉

တရုတ်အာဏာပိုင်များသည် တောမီးများနှင့် ရင်ဆိုင်နေရချိန် ယန်ဇီမြစ်ဝှမ်းတစ်လျှောက်ရှိ ကောက်ပဲသီးနှံများကိုလည်း ပူပြင်းသော အပူချိန်ဒဏ်မှ ကာကွယ်ရန်အတွက် ကျွမ်းကျင်အဖွဲ့များ ကိုစုစည်းနေရကာ ယခုနှစ်အတွက် နိုင်ငံ၏ ပထမဆုံး မိုးခေါင်ရေရှားမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။

ကြာသပတေးနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ နိုင်ငံတော်အဆင့် အဝါရောင် သတိပေးချက်သည် တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ စီချွမ်ဒေသမှ ယန်ဇီမြစ်ဝကျွမ်းပေါ်ဒေသရှိ ရှန်ဟိုင်းတစ်လျှောက် ရက်သတ္တပတ်များစွာ အပူချိန်လွန်ကဲမှုဒဏ်ကို ခံစားခဲ့ရပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ 

အစိုးရတာဝန်ရှိသူများကလည်း ယင်းဖြစ်စဉ်များသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဖောက်ပြန်မှုကြောင့်ဟု ထပ်တလဲလဲ ပြောဆိုလာခဲ့ကြသည်။


တရုတ်နိုင်ငံအလယ်ပိုင်း ကျန်းရှီး ပြည်နယ်ရှိဖောယန် ရေကန်သည် နှစ်စဉ် ယခုအချိန်၌ ရှိနေကျ ပုံမှန်အရွယ်အစားထက် လေးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

ချုံကင်း၏ အနောက်တောင်ပိုင်းဒေသရှိ စီရင်စု ၃၄ ခုမှ မြစ် ၆၆ ခုတွင် ရေခန်းခြောက်သွားကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ဩဂုတ်လ ၁၉ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။


ချုံကင်းဒေသအနှံ့ တောမီးလောင်မှုများဖြစ်ပွားခဲ့သည့်အတွက် မီးသတ်သမားများသည် အထူးသတိပြုကာ ပြင်ဆင်ထားရသည်။ နိုင်ငံပိုင်မီဒီယာကလည်း အပူလျှပ်ခြင်း ဖြစ်စဉ်များ တိုးလာကြောင်း ဖော်ပြခဲ့သည်။

ချုံကင်းစိုက်ပျိုးရေးဌာနသည် ထိခိုက်ပျက်စီးလွယ်သောသီးနှံများကို ကာကွယ်ရန်နှင့် ဆောင်းဦးရိတ်သိမ်းချိန်မတိုင်မီ ပျက်စီးဆုံးရှုံးမှုများအတွက် အလျော်ပေးနိုင်ရန် သီးနှံများ တိုးချဲ့စိုက်ပျိုးဖို့ ကျွမ်းကျင်သောအဖွဲ့များကိုလည်း စုစည်းလျက်ရှိသည်။


ရေအရင်းအမြစ်ဝန်ကြီးဌာနသည် မိုးခေါင်ရေရှားမှုဒဏ်ခံရသော စိုက်ပျိုးရေးဒေသများတွင် ရေပြတ်လပ်မှု မရှိစေရန်အတွက် အချိန်အတိအကျဖြင့် ရေအလှည့်ကျ ရယူနိုင်မည့် အချိန်ဇယားများ ရေးဆွဲကြရန် ၎င်းဒေသရှိ တာဝန်ရှိသူများအား ညွှန်ကြားထားသည်။

ကြာသပတေးနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သော တရုတ်အရေးပေါ်ဝန်ကြီးဌာန၏ အချက်အလက်များအရ ဇူလိုင်လ တစ်လတည်းတွင် အပူချိန်မြင့်မားမှုကြောင့် လူပေါင်း ၅ ဒသမ ၅ သန်း၏ စီးပွားရေးအခြေအနေ ထိခိုက်ခဲ့ကာ ယွမ် ၂ ဒသမ ၇၃ ဘီလီယံ (ဒေါ်လာ သန်း ၄၀၀) ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Source:Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071