တရုတ်နိုင်ငံတွင်ကျင်းပမည့် အာရှ ယူ-၁၇ အမျိုးသမီးပြိုင် ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင် ယူ – ၁၇ အမျိုးသမီးအသင်းအနေဖြင့် အရှိန်အဟုန်မြှင့်လေ့ ကျင့်ပြင်ဆင်နေကြောင်း အဖွဲ့ချုပ်ထံက သိရသည်။
ယူ ၁၇ အမျိုးသမီးအသင်းသည် အမျိုးသမီးလိဂ်ပြိုင်ပွဲ ပြီး ဆုံးခဲ့ပြီဖြစ်သော်လည်း အာရှ ယူ-၁၇ အမျိုးသမီးပြိုင်ပွဲအ တွက် AYA Training Center ၌ ဆက်လက်လေ့ကျင့်လျက်ရှိကြောင်း ဆိုသည်။
ယူ-၁၇ အမျိုးသမီးအသင်းသည် မြန်မာနေရှင်နယ် အမျိုး သမီးလိဂ်အတွင်း Young Lionesses-ခြေင်္သေ့ပျိုမေလေးများအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် အမှတ်ပေးဇယားရပ်တည်မှုအဆင့်(၇)တွင် ရမှတ် (၁၁)မှတ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။
လာမည့် ဧပြီ (၃၀)ရက်မှ မေ (၁၇) ရက်အထိ တရုတ်နိုင်ငံတွ င် အာရှဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မြန်မာအသင်းအ နေဖြင့် တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ ဩစတြေးလျ ၊ အိန္ဒိယ၊ လက်ဘနွန်နှင့် တရုတ်(တိုင်ပေ)အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအတွင်း နောက်ဆုံးအုပ်စု စာရင်းတွင် ပါဝင်မည့် အသင်း(၄)သင်းသည် ယူ- ၁၇ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ထပ်မံပါဝင်ခွင့်ရမည်ဖြစ်သည့်အတွက်မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းအနေဖြင့် အခွင့်လမ်းကောင်းတစ်ခုလည်းဖြစ်သည်။
ယခု နှစ်အတွင်း ယှဉ်ပြိုင်ထားသည့် အာရှအဆင့် ခြေစစ်ပွဲများတွင် သက်တမ်းအလိုက် မြန်မာ အမျိုးသား/အမျိုးသ မီးအသင်းများ ခြေစစ်ပွဲမအောင်မြင်ခဲ့ဘဲ မြန်မာ ယူ-၁၇ အ မျိုးသမီးအသင်း တစ်သင်းတည်းကသာ ခြေစစ်ပွဲအောင် မြင်ခဲ့ခြင်းဖြစ်သည်။
