တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အခြားသော မဲခေါင်နှင့်ဆက်စပ်သောပူးပေါင်းဆောင် ရွက်မှုယန္တရားများအနက် အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် (၉)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများမှ စီမံ ကိန်းပေါင်း(၉၈၄)ခုကိုပံ့ပိုးကူညီခဲ့ကြသည်ဟု အ ခမ်းအနားတက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ အမေရိကန်ဒေါ်လာ (၃၈ ဒသမ ၃)သန်းကိုထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့တွင်လည်း မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးမှလည်း မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အစပျိုးသည့်နေရာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစတင်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် စီမံကိန်းပေါင်း (၁၃၂)ခုရရှိခဲ့ရာ မဲခေါင်နိုင်ငံများအားလုံးတွင် အရေအတွက်အများဆုံးရရှိခြင်းဖြစ်သည်ဟု ပြောသည်။
ထို့ပြင် ယနေ့ လက်မှတ်ရေးထိုးခဲ့သော စီမံကိန်း (၁၄)ခုသည် မြန်မာနိုင်ငံရှိ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အထောက်အပံ့ပြုသွားမည်ဖြစ်ကာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လက်တွဲ၍ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများရရှိစေမည့် မျှဝေသော အနာဂတ်နှင့်အတူ တရုတ်-မြန်မာ အသိုက်အဝန်းတည်ဆောက်ရေးကို မြှင့်တင်ရန်ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲ ပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် တ ရုတ်နိုင်ငံ သံအမတ်ကြီး မစ္စမာကျားတို့က လက် မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
အဆိုပါသဘောတူညီချက်အရ စီမံကိန်း(၁၄)ခုကို စိုက်ပျိုးရေးနည်းပညာ၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ် ကျေးမှုဖလှယ်မှု၊ ဥပဒေဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ကုန်သွယ်ရေကြောင်းသွားလာမှုနယ်ပယ်များကို မြန်မာနိုင်ငံ၏ဝန်ကြီးဌာန(၉)ခုက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦး၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ သယံဇာတနှင့်သဘာဝပတ်လဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီးဦးခင်မောင်ရီ၊ စက်မှုဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတို့လည်း တက်ရောက်ခဲ့ကြသည်။
