Wednesday, February 4, 2026

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ...

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်...

မြန်မာ့အရေးဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုင်း ‘အသင့်ဖြစ်နေ’

ဖေဖေါ်ဝါရီ ၃ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်းကက်‌ကောင်းက...

နှစ်ကူးကာလ၌ တရုတ်တွင် ကမ္ဘာတစ်ဝန်းမှခရီးသွားအများအပြားလာ

         တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက်...

ညီမျှပြီးစနစ်ကျသောနိုင်ငံအများစုစိုးမိုးသောကမ္ဘာဖြစ်စေရမည်–ရှီ

တရုတ်နှင့်ဥရူဂွိုင်းတို့သည် တန်းတူညီမျှပြီး စနစ်တကျရှိသော နိုင်ငံအများစုက ကြီးစိုးသည့်ကမ္ဘာဖြစ်‌စေ ရေးကို ရှေ့တိုး ဆောင်ရွက်ရန် အတူတကွလုပ်ဆောင်သင့်ကြောင်း အင်္ဂါနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဥရူဂွိုင်းသမ္မတ...
HomeNewsLocal Newsတရုတ်ထိပ်တန်းသုတေသနပညာရှင် အမေရိကမှ တရုတ်သို့ပြန်လာ

တရုတ်ထိပ်တန်းသုတေသနပညာရှင် အမေရိကမှ တရုတ်သို့ပြန်လာ

ဖေဖေါ်ဝါရီ ၂

အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မျိုးဗီဇထိန်းညှိမှုဆိုင်ရာ ထိပ်တန်းသုတေသနပညာရှင် ဂေါင်ကျန့်ဟွာ သည် တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ အသစ်တည်ထောင်ထားသော တက္ကသိုလ်တစ်ခုသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာ ကြောင်း သိရသည်။

တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ဖော်ပြချက်အရ ဂေါင်သည် ပြီးခဲ့သည့်လတွင် ရှန်ကျန်း အဆင့်မြင့်နည်းပညာတက္ကသိုလ် (အက်စ်ယူအေတီ) ၌ အချိန်ပြည့် သုတေသနပါမောက္ခ ဖြစ်လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် တရားဝင်ခွင့်ပြုချက်ရရှိခဲ့သော အက်စ်ယူအေတီ သည် ဇီဝဆေးပညာနှင့် ဉာဏ်ရည်တုကဲ့သို့သော နောက်ဆုံးပေါ်စက်မှုလုပ်ငန်းများအတွက် ထူးချွန်ထက်မြက်သူများကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်သည့် သုတေသန ဦးစားပေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံသို့ ပြန် မလာမီက ဂေါင်သည် ပန်ဆယ်ဗေးနီးယားအစိုးရတက္ကသိုလ်(ဆေးကောလိပ်)၌ သက် တော်ရှည် တွဲဖက်ပါမောက္ခတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အမေရိကန် နိုင်ငံတော်ကျန်းမာရေးတက္ကသိုလ် (အင်န်အိုင်အိတ်ချ်) က ထောက်ပံ့ထားသော ဒေါ်လာသန်းနှင့်ချီသည့် နှစ်ရှည်စီမံကိန်းတစ်ခုကို ဦးဆောင်ခဲ့ပြီး၊ ဆဲလ်များက ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို မည်သို့သတ်မှတ်ထိန်းသိမ်းကြောင်းကို လေ့လာခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော်လည်း အော်တစ်ဇင်နှင့် ကင်ဆာကဲ့သို့သော ရောဂါများကိုလည်း ဖြစ်ပွားစေနိုင်သည်။

သူ၏ ဩဇာအရှိဆုံး လေ့လာမှုများထဲမှ တစ်ခုဖြစ်သော “မျိုးဗီဇတိမ်မြုပ်သွားစေသည့် ပရိုတင်းများ မည်သို့စုစည်း၍ လုပ်ဆောင်ပုံ” ဆိုင်ရာ ၂၀၁၂ ခုနှစ် ဆဲလ် ဂျာနယ်ပါ သုတေသနစာတမ်းသည် အခြားသုတေသနပညာရှင်များ၏ ကိုးကားမှု အကြိမ်ရေ ၁,၀၀၀ ကျော် ရရှိခဲ့သည်။

ဂေါင်သည် ၂၀၀၁ ခုနှစ်တွင် တရုတ်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ဇီဝဗေဒဘွဲ့ ရရှိခဲ့သည်။ နောက်တစ်နှစ်တွင် အမေရိကန်သို့ ပြောင်းရွှေ့ခဲ့ပြီး ကော်နေးတက္ကသိုလ် နှင့် နယူးယောက်ရှိ မန်မိုရီယယ် စလုံး ကက်တရင် ကင်ဆာဗဟိုဌာန တို့မှ ရူပက္ခဗေဒ၊ ရူပဇီဝဗေဒနှင့် စနစ်ဇီဝဗေဒ ဘာသာရပ်များဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။

ထို့နောက် နယူးယောခ့်တက္ကသိုလ်(ဆေးကျောင်း) နှင့် ဟောင်းဝပ် ဟယူးစ် ဆေးပညာဆိုင်ရာ သုတေသနဌာန တို့တွင် ပါရဂူဘွဲ့လွန်သုတေသနများကို ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ပန်ဆယ်ဗေးနီးယားအစိုးရတက္ကသိုလ် ၏ သင်ကြားရေးဝန်ထမ်းအဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သက်တမ်းရှည် တွဲဖက်ပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပါသည်။

ဂေါင်သည် ယခုအခါ ရှန်ကျန်း၌ ၎င်း၏ သုတေသနအဖွဲ့ကို တည်ထောင်နေပြီး ပါမောက္ခများ၊ ပါရဂူဘွဲ့လွန်သုတေသီများနှင့် ဓာတ်ခွဲခန်းနည်းပညာရှင်များကို ခေါ်ယူလျက်ရှိပါသည်။ တက္ကသိုလ်ဝက်ဘ်ဆိုက်၏ အဆိုအရ ဝန်ထမ်းသစ်များအတွက် တစ်ကြိမ်တည်းပေးသော နေထိုင်စရိတ် ထောက်ပံ့ငွေ ယွမ် ၁ သန်း (အမေရိကန်ဒေါ်လာ ၁၄၄,၀၀၀ ခန့်) နှင့် နှစ်စဉ် သုတေသနရန်ပုံငွေ ယွမ် ၅ သိန်းဝန်းကျင် အပါအဝင် အပြိုင်အဆိုင်ခံစားခွင့်များကို ပေးအပ်ထားကြောင်း သိရသည်။

ဂေါင်ထံသို့ မှတ်ချက်ပေးရန် တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးကြောင်းသိရသည်။

Ref : ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအားအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကာ သမိုင်းကြောင်းအရ နိုင်ငံ့ဝန်ထမ်းအချို့၏ စီးပွားရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ မသမာမှုများဆောင်ရွက်ခဲ့ကြခြင်းသည် တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။ ထို့ပြင် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဋ္ဌာန်းထားပြီးဖြစ်ကာ ပုလဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲများနှင့် နိုင်ငံ့ဝန်ထမ်းဆောင်ရွက်ပါက Good Governance ၊Good Goverment မဖြစ်နိုင်ကြောင်း ၊နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့်...

မြန်မာ့အရေးဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုင်း ‘အသင့်ဖြစ်နေ’

ဖေဖေါ်ဝါရီ ၃ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်းကက်‌ကောင်းက မနေ့က နိုင်ငံတော်လုံခြုံရေးကောင်စီ (အန်အက်စ်စီ) အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများအပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို သုံးသပ်ရန်နှင့် မြန်မာအစိုးရအာဏာပိုင်များအပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများနှင့် နှစ်နိုင်ငံမျှဝေသုံးစွဲနေသည့် မြစ်ကြောင်းစနစ်များကို...

နှစ်ကူးကာလ၌ တရုတ်တွင် ကမ္ဘာတစ်ဝန်းမှခရီးသွားအများအပြားလာ

         တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက် နေ့တွင် ခရီးသွားကာလ သည် စတင်ခဲ့ပြီဖြစ်သည်။       တရုတ်ရာသီခွင်တွင် ယခု နှစ်သစ်ကူးသည်မြင်းနှစ်ကျရောက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက် နေ့ သည် နှစ်သစ်ကူး ကျရောက်ပြီး တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ကိုးရက်ကြာ ရက်ရှည်အားလပ်ရက်တစ်ခုရှိလာမည်ဖြစ်သည်။       တရုတ်စားသုံးသူများစွာသည် တိုင်းပြည်၏ မရေရာသော စီးပွားရေးကြောင့် ငွေသုံးစွဲခြင်းထက် ငွေစုခြင်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071