Saturday, June 7, 2025

တပ်မတော်တစ်ရပ်လုံးအနေဖြင့် သစ်ပင်ပေါင်း(၁)သိန်းခွဲကျော် စိုက်ပျိုးခဲ့

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယနေ့ ဇွန် ၆ ရက် နံနက်ပိုင်းက...

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန်...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...
HomeInternationalတရုတ်တိုက်လေယာဉ်များပျံနေ၍ ထိုင်ဝမ်ဂျက်များ အရေးပေါ်တက်ခဲ့ရ

တရုတ်တိုက်လေယာဉ်များပျံနေ၍ ထိုင်ဝမ်ဂျက်များ အရေးပေါ်တက်ခဲ့ရ

တရုတ်တိုက်လေယာဉ်များပျံနေ၍ ထိုင်ဝမ်ဂျက်များ အရေးပေါ်တက်ခဲ့ရ

တိုင်ပေ၊ဩဂုတ် ၃

ထိုင်ဝမ်သည် ၎င်းလေပိုင်နက်အနားကပ်လာသည့် တရုတ်လေယာဉ် ၂၇ စင်းအားသတိပေးရန် ဂျက်လေယာဉ်များ အရေးပေါ်တက်ခဲ့ရကြောင်း ဩဂုတ် ၃ ရက်နေ့၌ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။တရုတ်နှင့်ထိုင်ဝမ်တင်းမာမှုမြင့်တက်နေချိန်တွင် အဆိုပါလေယာဉ် ၂၇ စင်းထဲမှ ၂၂ စင်းသည် နှစ်နိုင်ငံကြားမျဉ်းကိုဖြတ်ကျော်ပျံသန်းခဲ့ကြသည်ဟုဆိုသည်။

တရုတ်သည် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီလာရောက်မှုအပေါ်မကျေနပ်သဖြင့် ထိုင်ဝမ်နားတစ်ဝိုက်စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် ပေကျင်းရှိအမေရိကန်သံအမတ်ကိုလည်းဆင့်ခေါ်တွေ့ဆုံခဲ့ပြီး ထိုင်ဝမ်မှ လယ်ယာထွက်ကုန်တင်သွင်းမှုကိုလည်းပိတ်ပင်ခဲ့သည်။

ယခုအချိန်၌ ထိလွယ်ရှလွယ်ဖြစ်နေသည့် တရုတ် – ထိုင်ဝမ်တင်းမာမှုနောက်ဆုံးအခြေအနေတွင် ထိုင်ဝမ်က တရုတ်၏လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ၎င်း၏လေကြောင်းရန်ကာကွယ်ရေးဇုန် သို့ လေယာဉ်များကို စေလွှတ်ကာ ဒုံးကျည်စနစ်များကိုဖြန့်ကြက်ထားကြောင်းလည်းပြောကြားခဲ့သည်။

ထိုင်ဝမ်နားတစ်ဝိုက်တွင် တရုတ်ကယခုကဲ့သို့အယောင်ပြစစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်ခဲ့သည်မှာ ယခုတစ်ကြိမ်တည်းမဟုတ်ဟုထိုင်ဝမ်ကဆိုသည်။နောက်ဆုံးအကြိမ်တရုတ်၏ စစ်ရေးလေ့ကျင့်မှုတွင် Su 30 တိုက်လေယာဉ် ၁၆ စင်းနှင့် ဂျက်လေယာဉ် ၁၁ စီးပါဝင်သည်ဟုဆိုသည်။

တရုတ်လေယာဉ် ၂၂ စင်းသည် နှစ်နိုင်ငံကြားအလယ်မျဉ်းကိုဖြတ်ကာ ထိုင်ဝမ်လေပိုင်နက်နှင့်အနီးဆုံးအထိ ပျံသန်းခဲ့သည်ဟု ထိုင်ဝမ်လုံခြုံရေးအစီစဉ်နှင့် နီးစပ်သူကရိုက်တာသတင်းဌာန သို့ပြောသည်။ပုံမှန်တွင် နှစ်ဖက်လေယာဉ်များသည် အလယ်မျဉ်းကိုပင်ကျော်၍ပျံလေ့မရှိဟု၎င်းကဆိုသည်။

ယခုသီတင်းပတ်အတွင်း တရုတ်၏ စစ်ရေးလေ့ကျင့်မှုအချို့သည် ထိုင်ဝမ်၏ ရေမိုင် ၁၂ မိုင်အကွာ ပင်လယ်ပြင်နှင့် လေကြောင်းပိုင်နက်အတွင်း ပြုလုပ်ရန်ရှိပြီး ထိုင်ဝမ်၏ ပင်လယ်ပြင်နှင့် လေကြောင်းပိတ်ဆို့ခြင်းပမာဏသည်မကြုံစဖူးများပြားသည်ဟု ဗုဒ္ဓဟူးနေ့အစောပိုင်းက ထိုင်ဝမ်အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏အုပ်ချုပ်မှုကို လက်ခံရန် တွန်းအားပေးသည့်အနေဖြင့် စစ်ရေးနှင့် နိုင်ငံရေးဖိအားများကို အရှိန်မြှင့်လိုက်သော်လည်းထိုင်ဝမ်သည် တရုတ်၏ တောင်းဆိုမှုကိုပယ်ချကာ မိမိကိုယ်ကို ခုခံကာကွယ်သွားမည်ဟုသာ ကတိပြုထားခဲ့သည်။

Source – Reuters/ic

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်တစ်ရပ်လုံးအနေဖြင့် သစ်ပင်ပေါင်း(၁)သိန်းခွဲကျော် စိုက်ပျိုးခဲ့

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယနေ့ ဇွန် ၆ ရက် နံနက်ပိုင်းက နေပြည်တော်အပါအဝင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပခဲ့ပြီး သစ်ပင်ပေါင်း (၁၅၂,၈၄၄)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂ဝ၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရာက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုမှာ(၄၂ ဒသမ...

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန် (၂၀) ရက် နံန က် (၇) နာရီမှစ၍ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား စာရင်းလာရောက်ပေးသွင်းနိုင်‌ကြောင်း သိရသည်။ "သတင်းကောင်းပေးပါသည်။ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၏ (၁၃) ကြိမ်မြောက် မျက်စိအလင်းအလှူ စာရင်းပေးကာလကို အသိပေးပါသည်"ဟု အသိပေးထားသည်။ စာရင်းလာရောက်ပေးသွင်း လိုသူများအနေဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်ရုံးခန်း၊ ဘေလီတံတားအဆင်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၆၇၉)ကျပ်၊ ၉၅ တစ်လီတာ (၂,၇၂၇) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၂,၂၂၇) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၂,၇၈၂) ကျပ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၈၅၅)ကျပ်၊ ၉၅ တစ်လီတာ (၂,၉၁၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071