Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeNewsLocal News“တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက်...

“တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် စုံညီအစည်းအဝေးကို လေ့လာခြင်း နှင့် China Today မဂ္ဂဇင်း ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲ” ကျင်းပ

တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း”တွင် ထုတ်လုပ်ရေးကဏ္ဍကို စီးပွားရေးရည်မှန်းချက်၏ထိပ်ဆုံး၌ ထားရှိထား

ယနေ့ နိုဝင်ဘာ ၂၁ ရက်တွင် “တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် စုံညီအစည်းအဝေးကို လေ့လာခြင်း နှင့် China Today မဂ္ဂဇင်း ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲ” ကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး နှင့် China Media Group တို့မှ ကြီးမှူးကျင်းပကာ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာမှ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် China Today မဂ္ဂဇင်း ၇၅ နှစ်တိုင်ခဲ့ခြင်းကို အခြေခံကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုအတွက် ကြိုးပမ်းအားထုတ်နေသော မီဒီယာများနှင့် ယဉ်ကျေးမှုနယ်ပယ်မှ ပုဂ္ဂိုလ်များအား ဖိတ်ခေါ်ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ကာ၊ တစ်ဆက်တည်း၌ တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် စုံညီအစည်းအဝေးတွင် ပုံဖော်ရေးဆွဲထားသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

မကြာသေးမီက “တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် စုံညီအစည်းအဝေးကို ပေကျင်းမြို့၌ ကျင်းပခဲ့ကာ တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကို စတင်တော့မည်ဖြစ်ကြောင်း အသိပေးကာ ရှေ့လုပ်ငန်းစဉ်များကို ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်များတွင် အပိုင်း (၁၅) ပိုင်းဖြင့် ၆၁ ခန်း ပါဝင်ကြောင်းသိရသည်။ ထိုထဲတွင် တရုတ်နိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍကို စီးပွားရေးရည်မှန်းချက်၏ ထိပ်ဆုံး၌ ထားရှိထားကြောင်း ဖော်ပြချက်အရ တွေ့ရသည်။

အဆိုပါ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး ငါးနှစ်စီမံကိန်းခရီးစဉ်သစ်သည် တရုတ်နိုင်ငံ၏ အလယ်အလတ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနှင့် ပတ်သက်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုအပြည့်အဝရရှိထားသော စီမံကိန်းတစ်ခုဖြစ်သည့် အားလျော်စွာ တစ်ကြိမ်ထုတ်ပြန်တိုင်း အလေးထား စောင့်ကြည့်ရခြင်းဖြစ်သည်။

တရုတ်- မြန်မာချစ်ကြည်ရေးသည် ၇၅ နှစ်တိုင်ခဲ့သလို China Today Magazine သည်လည်း ၇၅ နှစ်တိုင် အဓွန့်ရှည်တည်တံ့နေခြင်းဖြစ်သည်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သော ၁၉၅၀ ပြည့်နှစ်တွင် China Today မဂ္ဂဇင်းသည်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံတွင် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံခဲ့ပုံကို ခေတ်ကာလအဆက်ဆက်တွင် ဖော်ပြတင်ဆက်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲကို အဓိကကဏ္ဍ (၃)ရပ်ခွဲကာ (၁) ပညာရှင်များမှ မူဝါဒများကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း ကဏ္ဍ “ခွဲခြမ်းစိတ်ဖြာမှုနှင့် ဆွေးနွေးမှု – တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် စုံညီအစည်းအဝေးတွင် ပုံဖော်ရေးဆွဲထားသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံ၊ (၂) မီဒီယာကိုယ်စားလှယ်များမှ ဆွေးနွေးမျှဝေခြင်း ကဏ္ဍ “ထိုးထွင်းသိမြင်မှုနှင့် စဉ်းစားတွေးခေါ်သုံးသပ်မှု – ‘၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း’ ဆိုင်ရာ မီဒီယာ သတင်းဖော်ပြမှု စိတ်ကူးစိတ်သန်းသစ်များ” ၊ (၃) ကျောင်းသားများ ဆွေးနွေးခြင်းနှင့် စီစဉ်ဆောင်ရွက်ခြင်းကဏ္ဍ “ဘုံသဘောတူညီမှုနှင့် ရှေ့ခရီးလမ်း – တရုတ်အသွင်ပုံစံ ခေတ်မီမှု မှတစ်ဆင့် တရုတ်-မြန်မာချစ်ကြည်ရေးအတွက် အခွင့်အလမ်းသစ်များ ယူဆောင်လာခြင်း” စသည့် ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ တတ်သိပညာရှင်များမှ ကဏ္ဍအလိုက် အပြုသဘောဆောင် ဆွေးနွေးတင်ပြခြင်းများပြုလုပ်ကာ အခမ်းအနားပြီးမြောက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071