ထိုင်းအာဏာပိုင်များသည် နိုင်ငံတွင် တိုးပွားလာနေသော နိုင်ငံခြားရာဇဝတ်မှုလုပ်ငန်းများကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့(အာရ်တီပီ) က တင်ပြထားသော အဆင့်သုံးဆင့်ဖြင့် အရှိန်မြှင့်နှိမ်နင်းရန်နှင့် နိုင်ငံခြားသား အခြေချနေထိုင်မှုကို ကိုင်တွယ်ဖြေရှင်းမည့် ယန္တရားများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆွေးနွေးလျက်ရှိသည်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် အခြား နိုင်ငံခြားသားများ၏ အခြား တရားမဝင်လုပ်ငန်းဆောင်တာများကို ပပျောက်စေရန် ရည်ရွယ်သည့် အရေးပေါ်သုံးလကြာလှုပ်ရှားမှုအစီအစဉ်အပါအဝင် စီမံချက်များကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီးကစ်ထာရတ် ပွန်ပက်ချ်က အင်္ဂါနေ့တွင် အမိန့်ပေးခဲ့သည်။
၎င်းတို့အနေဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ တရားမဝင် ပြည်ဝင်မှုနှင့် ရာဇဝတ်မှုလုပ်ငန်းဆောင်တာများအတွက် ထိုင်းနိုင်ငံကို ကြားခံနေရာ သို့မဟုတ် ပုန်းအောင်းရာနေရာအဖြစ် အသုံးပြုခြင်းအပြင် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် တရားမဝင်အလုပ်အကိုင် သို့မဟုတ် အမည်ခံစီးပွားရေးလုပ်ငန်းများကို ကာကွယ်တားဆီးရန် အာရုံစိုက်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဒုတိယဗိုလ်ချုပ်ကြီး ထရိုင်ရောင် ဖီဖန်က ပြောကြားခဲ့သည်။
ယူနစ်အားလုံးကို ၎င်းတို့၏ တရားစီရင်ပိုင်ခွင့် နယ်ပယ် အတွင်းရှိ နိုင်ငံခြားသားများကို စစ်ဆေးရန်၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ စီးပွားရေးရာဇဝတ်မှုများ၊ အခွန်၊ အကောက်ခွန် သို့မဟုတ် ကော်ပိုရေးရှင်းများ၏ပြစ်မှုများ၊ ဆိုက်ဘာရာဇဝတ်မှု၊ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်မှုဖြစ်စေသော သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို စီစဉ်နေသူများ၊ တရားမဝင် ပြည်တွင်းဝင်ရောက်မှုကွန်ရက်များ၊ ပြည့်တန်ဆာလုပ်ငန်း၊ လူကုန်ကူးမှုနှင့် နိုင်ငံတော်အဆင့် လူကုန်ကူးမှုလုပ်ငန်းများနှင့် ဆက်စပ်နေသော နိုင်ငံခြားသားများ၏ ပစ်မှတ်အုပ်စုများကို ဖော်ထုတ်ရန် ညွှန်ကြားထားသည်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်သားများနှင့် တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းရေးဌာနကို ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် နှစ်မျိုးလုံးတွင် လုပ်ငန်းဆောင်ရွက်မှုများကို တွန်းအားပေး မောင်းနှင်ရန်အတွက် ဆက်စပ်ဌာဆိုင်ရာများနှင့် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ခု ထူထောင်ရေး စဉ်းစားရန် ညွှန်ကြားထားသည်။
နှိမ်နင်းရေးသည် အရေးပေါ်ပစ်မှတ်နေရာများကို ဦးစွာ ဦးစားပေးရမည်ဖြစ်ပြီး အခြေအနေ၏ ပြင်းထန်မှုအပေါ် မူတည်၍ အခြားနေရာများကို အကဲဖြတ်ကာ စဉ်ဆက်မပြတ် လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ အကောင်အထည်ဖော်ရန်ရှိကြောင်း ဖော်ပြခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
