Friday, May 16, 2025

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ...

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊...

ကာကွယ်ရေးသဘောတူညီချက် ဂျာမနီနှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုး

ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးဆက်ဆံရေး ခိုင်မာစေရန်နှင့် ပူးတွဲလုပ်ဆောင်ချက်များကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်ဟု သိရပြီး မနီလာသည် အနောက်ဖိလစ်ပိုင်ပင်လယ်တွင် တရုတ်နှင့် ကာလကြာရှည် အငြင်းပွားနေမှုတွင်...

Apple ၏ iPhone ထုတ်လုပ်မှုကို...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Apple ၏ CEO တင်မ်ကွတ်အား သူ့ကုမ္ပဏီ၏ ထုတ်ကုန်များကို အိန္ဒိယတွင် မထုတ်လုပ်စေလိုကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံမှ...

ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုလေ့လာဆွေးနွေးနိုင်မည့် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား...

ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှဦးစီး၍ လာမည့် မေ ၂၄ ရက်တွင် နံ နက် ၉...
HomeNewsLocal Newsတယ်လီကွန်းလိ-မ်လည်မှုများပြင်းထန်စွာနှိမ်နင်းရန်အရေးကြီး--တရုတ်

တယ်လီကွန်းလိ-မ်လည်မှုများပြင်းထန်စွာနှိမ်နင်းရန်အရေးကြီး–တရုတ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၇

တရုတ်နှင့်မြန်မာကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် တယ်လီကွန်းနှင့်အွန်လိုင်းလိ-မ်လည်မှု၊လူကုန်ကူးမှုတို့ကဲ့သို့သော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန်သဘောတူခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

အွန်လိုင်းလေ-ာင်းကစားနှင့် တယ်လီကွန်းလိ-မ်လည်မှုကဲ့သို့သော တရားမဝင်ရာဇဝတ်မှုများအား ပြင်းပြင်းထန်ထန်နှိမ်နင်းရန် မြန်မာနိုင်ငံဘက်မှ အလေးထားကြောင်း အဆိုပါကြေငြာချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးနှင့် တရုတ်ပြည်သူ့ရေးရာ လုံခြုံရေးလက်‌ထောက်ဝန်ကြီးတို့သည် ဖေဖော်ဝါရီ ၁၄ ရက်က ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့နှင့် အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲအတွင်း မြန်မာဘက်ကအွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်းလိ-မ်လည်မှုတိုက်ဖျက်ရေးအတွက် တိကျသည့်အစီအမံများဖြင့် တရုတ်နှင့်နှစ်နိုင်ငံတည်းသာမက အိမ်နီးခြင်း နိုင်ငံများနှင့် နှစ်နိုင်ငံ အကြားနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုများပါပြုလုပ်သွားမည်ဖြစ်‌ကြောင်းကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ တရုတ်နိုင်ငံကလည်း မြန်မာနှင့်ထိုင်းနိုင်ငံတို့ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာဆောင်ရွက်သွားရန်ဆန္ဒရှိပြီး လွှမ်းခြုံသည့်အစီအမံများ ကို ချမှတ်ကာ ရာဇဝတ်မှုများကို ပူးပေါင်းတားဆီးရန်၊အွန်လိုင်းလေ-ာင်းကစားနှင့် တယ်လီကွန်းလိ-မ်လည်မှုကို အမြစ်ပြတ်ချေမှုန်းရန်ဆန္ဒရှိကြောင်းဆိုခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ တည်းခိုရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ပြည်သူ (၄၆၉) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့်အပြင် ပြည်သူ(၂၇၄၀)ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြား(၁၂၆၀)ပြား၊ ရေတွင်ရေကန်(၂၂၅) ခုအား ကလိုရင်းဆေးခတ်ခြင်းနှင့် အိမ်ထောင်စုများအား ရေမလို လက်သန့်ဆေးရည်(၁၀၆)ဗူးတို့ကိုလည်း ပေးဝေခဲ့ကြောင်း သိရသည်။ ထို့နည်းတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စခန်းသွင်းကျောင်းသား၊ ကျောင်းသူများအား ဆေးစိမ်ခြင်ထောင် (၁၆၄)ခုကို ပေးဝေခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များကို...

ကာကွယ်ရေးသဘောတူညီချက် ဂျာမနီနှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုး

ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးဆက်ဆံရေး ခိုင်မာစေရန်နှင့် ပူးတွဲလုပ်ဆောင်ချက်များကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်ဟု သိရပြီး မနီလာသည် အနောက်ဖိလစ်ပိုင်ပင်လယ်တွင် တရုတ်နှင့် ကာလကြာရှည် အငြင်းပွားနေမှုတွင် ၎င်း၏ ရပ်တည်ချက်ခိုင်မြဲစေရန်အတွက် မဟာမိတ်ဖွဲ့မှုများကို ပြုလုပ်နေခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တို တီအိုဒိုရိုနှင့် ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်ထရပ်စ်တို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သော အစီအစဉ်များကို ဗုဒ္ဓဟူးနေ့က ဘာလင်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး၊ ကာကွယ်ရေးလက်နက်နှင့် ထောက်ပံ့ပို့ဆောင်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် သဘောတူခဲ့ကြသည်ဟု နိုင်ငံတော်ကာကွယ်ရေးဌာန(DND) က ကြာသပတေးနေ့တွင်...

Apple ၏ iPhone ထုတ်လုပ်မှုကို အိန္ဒိယသို့ မပြောင်းရန် ထရမ့်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Apple ၏ CEO တင်မ်ကွတ်အား သူ့ကုမ္ပဏီ၏ ထုတ်ကုန်များကို အိန္ဒိယတွင် မထုတ်လုပ်စေလိုကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံမှ ထုတ်လုပ်မှုကို အိန္ဒိယသို့ ပြောင်းရွှေ့ရန် Apple ၏ ဆောင်ရွက်ချက်များကို ဝေဖန်ကာ အမေရိကန်တွင်သာ ဆက်လက်ထုတ်လုပ်ရန်ကိုလည်း တိုက်တွန်းခဲ့သည်။ "မနေ့က တင်မ်ကွတ်နဲ့ ငါပြဿနာအနည်းငယ်ရှိခဲ့တယ်" ဟု ထရမ့်က ပြောကြားခဲ့သည်။ "ငါသူ့ကို 'ငါ့သူငယ်ချင်း၊ ငါမင်းကို အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်။ မင်းဒီကို ဒေါ်လာ ၅၀၀ ဘီလီယံနဲ့ လာနေတယ်၊ ဒါပေမယ့် အခုငါကြားတာက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071