တပ်မတော် ဘောလုံးအကယ်ဒမီကျောင်းအပါအဝင် အသင်း (၈) သင်းပါဝင်သည့် Myanmar Football Academies Tour- nament 2025-2026 ပြိုင်ပွဲကို (၉) ရက်ကြာကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသည် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် မြန်မာဘောလုံးအကယ်ဒမီများ ပြိုင်ပွဲကို ယခုနှစ် ဇန်နဝါရီ (၃) ရက်မှ (၁၁) ရက်အထိ ကျင်းပနေခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်ဖော်ပြထားသည်။
ယင်းပြိုင်ပွဲတွင် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) မှ ယူ ၁၅ အသင်းနှင့် ယူ ၁၄ အသင်း၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) မှ ယူ ၁၅ အသင်းနှင့် ယူ ၁၄ အသင်း၊ ISPE (မော်လမြိုင်) ၊ ISPE (မန္တလေး) ၊ ISPE (ရန်ကုန်) ၊ တပ်မတော်ဘောလုံးအကယ်ဒမီ စသည့် အသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဘောလုံးအကယ်ဒမီများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုတွင် ဒေသဆိုင်ရာဘောလုံးလေ့ကျင့်ရေးစင်တာများ (Regional Football Training Centers) များလည်း ဖွင့်လှစ်နေပြီး အမျိုးသား ယူ ၁၄၊ အမျိုးသမီး ယူ ၁၄ အသင်းများကို လေ့ကျင့်ပြုစုပျိုးထောင်လျက်ရှိကြောင်း အသိပေးထားသည်။
ဓာတ်ပုံ – MFF
