Sunday, May 17, 2026

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း သောက်သုံး ရေလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ မေ ၁၆ ရက်တွင် မန္တလေးတိုင်း၊...

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတပြော

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ်...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို...

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeMoviesတပ်မတော်သည်ခေတ်အဆက်ဆက် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်သည့်...

တပ်မတော်သည်ခေတ်အဆက်ဆက် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်သည့် အမျိုးသားနိုင်ငံရေးတာဝန်များကိုသာ ထမ်းဆောင်ခဲ့ခြင်းဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှတပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များချီးမြှင့်အပ်နှင်းခြင်းအ ခမ်းအနားအား ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက နေ ပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပခဲ့ခြင်းဖြစ်သည်။

မိမိတို့တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကြိုး
ပမ်းမှုနှင့်အတူ ပေါက်ဖွားလာသည့် ပြည်ထောင်စုတပ်မတော်ဖြစ်ကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးရရှိအောင် ကြိုးစားခဲ့ရသည့်နည်းတူ လွတ်လပ် ရေးမဆုံးရှုံးရအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည့် တပ်မတော်လည်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် တပ်မတော် သည် တိုင်းပြည်နှင့်လူမျိုးအတွက် ရှိသည့်အင် အား၊ရှိသည့်ခွန်အားများနှင့်အစွမ်းကုန်ဖြေရှင်းခဲ့ရသည်ဟု ဆိုသည်။

“ရောင်စုံသောင်းကျန်းသူတွေကြောင့် လွတ်လပ် ရေးကြီး ထပ်မံမဆုံးရှုံးရစေဖို့နဲ့ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးခြင်းမဖြစ်ရစေဖို့ တပ်မတော်သားတွေအနေနဲ့ အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး ကာကွယ်ထိန်းသိမ်းခဲ့ကြပါတယ်”ဟု ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ထိတိုင် တပ်မ တော်သည် သစ္စာ ၄ ချက်ကို ဦးထိပ်ပန်ဆင်ပြီး အစဉ်အလာ ၁၂ ရပ်နှင့်အညီ နိုင်ငံတော်၏ အမျိုး သားအကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

“တပ်မတော်ရဲ့ ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့တာတွေကို လေ့ လာကြည့်မယ်ဆိုရင် နိုင်ငံတော်အတွက် အမှန်တ ကယ်လိုအပ်တဲ့ အမျိုးသားနိုင်ငံရေးတာဝန်တွေကိုပဲ ထမ်းဆောင်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ထိုသို့ သမိုင်းပေးတာဝန်များအပေါ် ရဲဝံ့ပြောင်မြောက်သည့် သူရသတ္တိနှင့်အသက်သွေးချွေး ပေါင်းများစွာပေးဆပ်စွန့်လွှတ်ခဲ့ကြသူများအား နှစ်စဉ် လွတ်လပ်ရေးနေ့ရောက်တိုင်း နိုင်ငံတော်နှင့်တပ်မတော်က ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ပေးလျက်ရှိသည်ဟု ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း သောက်သုံး ရေလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ မေ ၁၆ ရက်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး ရတနာပုံမြို့သစ်စီမံကိန်းနှင့် ရတနာပုံတယ်လီပို့အဆောက်အဦတို့အားကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းမှာ ကြားခဲ့ခြင်းဖြစ်သည်။ အဆောက်အဦများတည်ဆောက်ရာ၌ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်စေရန်၊ စီမံကိန်းဧရိယာအတွင်း စိမ်းလန်းစိုပြေရေး၊ ရေအရင်းအမြစ်များကို အပြည့်အဝနှင့်အကျိုးရှိရှိအသုံးချနိုင်ရေး စီမံဆောင် ရွက်ရန်၊ ရတနာပုံမြို့သစ်စီမံကိန်းအတွင်း ဒီဂျစ်တယ်၊ အိုင်တီနှင့် အေအိုင်နည်းပညာများ တိုးတက်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအနေဖြင့် ဒီဂျစ်တယ်၊...

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတပြော

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ပြင်ဦးလွင်မြို့ဟာ သဘာဝကပေးထားတဲ့ ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ဖို့ကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်တာကြောင့် ကျန်းမာရေးမြို့တော်အဖြစ်ဆောင် ရွက်နိုင်ဖို့ မူဝါဒချမှတ်ဆောင်ရွက်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် စွန့်ပစ်အမှိုက်များကို အကျိုးရှိစွာပြန်လည်အ သုံးချ၍ မြို့အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမည်ဖြစ်ကာ ခရီးသွားမြို့ဖြစ်၍ ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပမှုများ ပိုမိုကောင်းမွန်လာပါက ပြည်တွင်း/ပြည်ပခရီးသွားများပိုမိုများပြားစွာလာရောက်ကြမည်ဖြစ်ပြီး ခရီးသွားလာလည်ပတ်ရန်ကောင်းမွန်သည့်မြို့အဖြစ် ပြင်ဦးလွင်၏ ဂုဏ်ဒြပ်ပိုမိုကောင်းမွန်လာမည်ဟု ပြောသည်။ ထို့ကြောင့် ခရီးသွားများစားသုံးရန်နှင့်...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ သကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ဖွင့်လှစ် 

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်သူများ မြန်မာနိုင်ငံတစ်ဝှမ်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံ သားများ၏ လူနေမှုဘ၀ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ရွည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071