မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၄၄၃)စုကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သြဂုတ် ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၈ ရက်တို့က တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်မှ အိမ်ထောင်စု(၁၁၆)စု၊ ဆရာစံရပ်ကွက်မှ အိမ်ထောင်စု(၆၂)စု၊ ကျီအင်းကျေးရွာမှ အိမ်ထောင်စု(၅၆)စု၊ အောင်ဇေယျရပ်ကွက်မှ အိမ်ထောင်စု(၈၃)စု၊ အနော်ရထာရပ်ကွက်မှ အိမ်ထောင်စု(၁၂၆)စု(စုစုပေါင်း ၄၄၃ စု)အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၄၀၀,၀၀၀)စီအား ထောက်ပံ့ပေးခဲ့ကြသည်။
တပ်ကုန်းမြို့နယ်ရှိ ကျေးရွာပေါင်း(၁၁)ရွာနှင့် ရပ် ကွက်ပေါင်း(၆)ရပ်ကွက်တို့မှ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုပေါင်း(၁,၇၅၁)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အိမ်ထောင်တစ်စုလျင် ငွေကျပ်(၄၀၀,၀၀၀)နှုန်းဖြင့် သြဂုတ် ၂၀ ရက်မှ ၂၈ ရက်အထိ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
