ရှမ်းပြည်နယ်၊တန့်ယန်းမြို့နယ်၊မန်ကတ်ကျေးရွာ အုပ်စုရှိ မန်ကတ်-လွယ်လိန်းတောင်သွားကားလမ်းပေါ်တွင် စက်တင်ဘာ ၃၀ ရက်(ယနေ့)နံနက် ၉ နာရီခန့်က ကားတစ်စီးနှင့်ဆိုင်ကယ်တစ်စီးတို့တိုက်မိခဲ့ကြောင်း တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ သိရသည်။
“ကားနဲ့ဆိုင်ကယ်တိုက်မိတော့ ဆိုင်ကယ်ပေါ်က အမျိုးသား ၂ ယောက်ထိခိုက်ဒဏ်ရာတွေရသွားတယ် မစိုးရိမ်ရပါဘူး လူနာ ၂ ယောက်ကိုပဲ အဓိကထားပြီး ပြုစုကုသပေးနေတာကြောင့် ဖြစ်စဥ်ကိုမမေးဖြစ်လိုက်ပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၂ ဦးအား တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ တန်ယန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-တန့်ယန်းမြို့အရန်မီးသတ်တပ်ရင်း


