Friday, May 16, 2025

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ...

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ...

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham...
HomeNewsLocal Newsတန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်၍...

တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်၍ ရပ်ကွက် ၃ ခုအတွင်းရေဝင်ရောက်လျက်ရှိ

တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်၍ ရပ်ကွက် ၃ ခုအတွင်းရေဝင်ရောက်လျက်ရှိ

ရှမ်းပြည်နယ်၊တန့်ယန်းမြို့တွင် စက်တင်ဘာ ၁၄ ရက်ညပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး နမ့်ဟောင်ချောင်းရေမြင့်တက်လာခဲ့သည်ဟု တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ သိရသည်။

ယမန်နေ့ညပိုင်းမှစတင်ရွာသွန်းခဲ့သည့်မိုးမှာ စက်တင်ဘာ ၁၅ ရက်(ယနေ့)နံနက်ပိုင်းတွင်လည်း ဆက်လက်ရွာသွန်းခဲ့သဖြင့် နမ့်ဟောင်ချောင်းရေ မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ နမ့်ဟောင်ချောင်းရေမြင့်တက်မှုကြောင့် တန့်ယန်းမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အ မှတ်(၁)ရပ်ကွက်၊အမှတ်(၆)ရပ်ကွက်နှင့်အမှတ် (၁၀)ရပ်ကွက်များရှိ လူနေအိမ်များနှင့်လမ်း များပေါ်တွင် ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ထိုသို့ ရေဝင်ရေကျော်မှုဖြစ်ပွားနေသည့် ရပ်ကွက်များအတွင်းနေထိုင်သူများ အန္တရာယ်မဖြစ်စေရန်နှင့်ရေဆက်လက်ဝင်ရောက်ခြင်းရှိ၊မရှိအား တန့်ယန်းမြို့တာဝန်ရှိသူများက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

“လတ်တလော ရေဝင်များတဲ့လမ်းတွေကိုဖြတ် သန်းမသွားဖို့ ယာယီပိတ်ထားတယ် စောင့်ကြည့်နေပါတယ် ရေထပ်တက်လာမယ်ဆိုရင်တော့ ရေဝင်များတဲ့အိမ်တွေမှာနေတဲ့လူတွေကို ဘေးလွတ်တဲ့ဆီရွှေ့ပေးဖို့လည်း တာဝန်ရှိတဲ့လူတွေကစီစဥ်နေပါတယ်”ဟု တန့်ယန်းမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ရေဝင်ရောက်လျက်ရှိသည့် ရပ် ကွက်များအတွင်းရှိ လမ်းများအားဖြတ်သန်းသွား လာခြင်းမပြုရန် ယာယီပိတ်ထားကာ မဖြစ်မနေသွားလာရမည့်သူများကိုလည်း တာဝန်ရှိသူများက ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ Jiang Bin ကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ပိုင်းများအတွင်း တရုတ်နှင့်ရုရှားကြားဆက်ဆံရေးသည် ယခင်ကထက်တိုးတက်လာပြီး မကြာခဏဆိုသလို အကြီးပိုင်းတာဝန်ရှိသူများ၏တွေ့ဆုံဖလှယ်မှုများ၊ အရေးပါသော ပူးတွဲလေကြောင်းကင်းလှည့်မှုနှင့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများဖြင့် ဆက်ဆံခဲ့ကြပြီး အရေးကြီးသည့် အထိမ်းအမှတ်ပွဲများကျင်းပရာ၌လည်း အချင်းချင်းအားပေးကူညီခဲ့ကြသည်ဟုလည်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏လမ်းညွှန်မှုအောက်၌ တရုတ်စစ်တပ်အနေဖြင့် အရေးပါသော တရုတ် - ရုရှားမိတ်ဖက်ပူးပေါင်းဆက်ဆံရေးကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက် တုကီယေးရှိယူကရိန်းသံရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ဇယ်လန်းစကီးကပြောကြားခဲ့သည်။ “စိတ်မကောင်းစရာတစ်ခုက ဆွေးနွေးပွဲဆိုပေမဲ့ တစ်ဖက်ကလာမဲ့အထဲမှာ ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိပေါက်မြောက်တဲ့သူမျိုးပါမလာပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။ သို့သော် ယူကရိန်းသမ္မတကိုယ်တိုင်မတက်ရောက်နိုင်သည်ကလွဲ၍ ဆွေးနွေးပွဲအတွက် အပြုသဘောဆောင်လျှက် ကိုယ်စားလှယ်များကိုမူ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။ အစ္စတန်ဘူလ်၌ပြုလုပ်မည့်ဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် နှစ်ဘက်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ ၁ နာရီမထိုးမီတွင် ထိုင်း F-16 တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်က သောကြာနေ့က FB တွင်ရေးသားထားသည်။ Ref:Khalid

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071