Sunday, June 22, 2025

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့်...

ယနေ့ ဂျွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2...

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့်...

အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို...

        အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက...
HomeNewsLocal Newsတန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းများကို သက်သာသောအတိုးနှုန်းဖြင့်...

တန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းများကို သက်သာသောအတိုးနှုန်းဖြင့် ရောင်းချပေးသွားမည်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာနက ဆောက်လုပ်သော သီလဝါ၊ ယုဇနအပိုင်း(၃)၊ ရိုးမရိပ်သာနှင့် ကျန်စစ်မင်းအပိုင်း(၁) အိမ်ရာတို့ရှိ တိုက်ခန်းများကို သက်သာသောအတိုးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ အိမ်ရာတို့ရှိ တိုက်(၇)လုံး၊ အခန်း (၂၄၉) ခန်းကို အ တိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက် ၍ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ရောင်းချသွားမည် ဖြစ်သ ည်။ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) ၌ ၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း(၃၀)နှင့်အထက် ပြည့် မီအောင် စုဆောင်း ထားရှိသူ (၂၀၂၀)ဦး စာရင်းတွင် ပါဝင်သူများသည် အဆိုပါ အိမ်ရာ၊ အခန်းများကို စာရင်းပေးသွ င်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ စာရင်းပေးသွင်းခြင်းကို DUHD Sale Housing Facebook Page ၏ Messenger မှ တဆင့် ဇွန်လ (၁၆) ရက်မှ (၂၀) ရက်အတွင်း စာရင်းပေးသွင်းရမည်ဖြစ်ပြီး နံနက် (၉)ခွဲမှ ညနေ (၄) အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် ရောင်းချမည့် အိမ်ရာ၏ တည်နေ ရာ၊ အဆောက်အဦ အမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး အမည်၊ မှတ်ပုံတင်အ မှတ်၊ အိမ်ရာအမည်၊ အဆောက်အဦအမျိုးအစားတို့ကို ပြ ည့်စုံစွာ ဖော်ပြရမည်ဖြစ်သည်။ ငွေစုစာရင်းရှင် တစ်ဦးအတွက် (၁)ကြိမ်သာ စာရင်းပေးသွ င်းခွင့် ပြုမည်ဖြစ်ပြီး မိမိဝယ်ယူလိုသည့် အိမ်ရာနှင့် အ ဆောက်အဦ အမျိုးအစားကို သေချာစွာ စဉ်းစားပြီးမှသာ စာရင်း ပေးသွင်းရန် အသိပေးထားသည်။ အိမ်ရာ၊ အဆောက်အဦ အမျိုးအစားအလိုက် စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယား အစောဆုံး အမှတ်စဉ် များအား မဲနှိုက်ခွင့် ပြုမည်ဖြစ်ပြီး၊ အခန်းမဲနှိုက်ခြင်းကို ဇွန်လ (၂၇) ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခန်းဝယ်ယူခွင့် ရရှိသူသည် အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့် ထိုင်းရိုးရာအစားအစာနှင့်ပစ္စည်းများရောင်းချသည့် ပွဲတော် ပြုလုပ်

ယနေ့ ဂျွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Semi Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့်...

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ဇုန်အတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဥစားကြက်မွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ အသားတိုးဝက်မွေးမြူထားရှိမှုနှင့် ဝက်သားပေါက်ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိမှု၊ အစေ့ထုတ်ပြောင်းစပ်မျိုးစိုက်ပျိုးထုတ်လုပ်ဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နေမှုနှင့် အထွက်တိုးပြောင်းမျိုး စေ့ဆောင်ရွက်လျက်ရှိမှုတို့ကို နစက ဥက္ကဋ္ဌအား ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်တာဝန်ခံက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌမှ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးကွက်အတွင်းသို့လတ်ဆက်စွာဖြင့်...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့် အီရန်ရှိ အမေရိကန်နိုင်ငံသားများ သည်အန္တရာယ်ရှိနေသည်ဟု သောကြာနေ့က အခြေအနေအစီရင်ခံစာ အသေးစိတ်တွင် ဖော်ပြခဲ့သည်။        အီရန်တွင်ရှိနေသည့် အမေရိကန်နိုင်ငံသား အရေအတွက်အတိအကျကို မသိရဘဲ နိုင်ငံခြားရေးဌာနအနေဖြင့် ပြည်ပရောက် အမေရိကန်နိုင်ငံသားများကို မှတ်ပုံတင်ရန် မလိုအပ်ပေ။          အမေရိကသည် အစ္စရေးရှိ သိန်းနှင့် ချီသော အမေရိကန်နိုင်ငံသားများကို နိုင်ငံမှ ပြန်ခေါ်ထုတ်ရန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များကိုလုပ်ဆောင်နေသကဲ့သို့ အီရန်ရောက် နိုင်ငံသားများအတွက်မူ ယင်းအစီအစဉ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071