Monday, July 27, 2026

ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာ ဂုဏ်ပြုတက်ရောက်လာ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (အမှတ် ၃၂၇) ၌တည်ရှိသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံအား မူလလက်ရာမပျက်ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်ကာ...

မြန်မာနိုင်ငံတော်သမ္မတက ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်လှစ်

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့် အခမ်းအနားကို...

မိုးသည်းထန်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်တွင် တောင်ကမ်းပါးမြေပြိုကျ၊မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၂၇မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းပေါ်သို့ ဇူလိုင် ၂၆...

စားသုံးသူရေးရာဦးစီးဌာန၊ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်ရန်...

နေပြည်တော်၊ ဇူလိုင် ၂၇ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် (Joint Operation) စနစ်ဖြင့် လုပ်ကိုင်နိုင်ရေးအတွက်...
HomeNewsLocal Newsတန်ဖိုးနည်း ခေါက်အိမ်များ စတင်ရောင်းချပြီ

တန်ဖိုးနည်း ခေါက်အိမ်များ စတင်ရောင်းချပြီ

pyi-twin-1
မြန်မာနိုင်ငံအတွင်း နေထိုင်ရန်အတွက် အိမ်ရာဆောက်လုပ်ရန် ဆောက်လုပ်ရေးပစ္စည်းစရိတ်တန်ဖိုးကြီး မြင့်မှုများကြောင့် အခက်အခဲရှိသူများ နှင့် ဆောက်လုပ်မှု ကြီးကြပ်ရန်အတွက် အချိန်မပေး နိုင်သူများအတွက် တန်ဖိုးနည်းခေါက်အိမ်များအား နိုင်ငံခြားမှ မှာယူတင်သွင်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း Treasure Triangle ကုမ္ပဏီမှသိရသည်။ အဆိုပါ ခေါက်အိမ်များမှ စတီးဖြင့်ပြုလုပ်ထားကာ အမိုးနှင့်အကာများသည် အပူဒဏ်သက်သာပြီး မီးလောင်ခြင်းအာမခံဖြစ်သော IEPS Panel ကို သုံးထားကြောင်းသိရသည်။ ခိုင်ခံမှုအနေဖြင့်လည်း ငလျင်ဒဏ်ခံနိုင်မှု Grade-7 နှင့် လေတိုက်ခတ်နှုန်းခံနိုင်မှုတစ်နာရီလျှင် ၁၂ဝ အထိခံနိုင်အောင် Design တွက်ချက်ပြုလုပ်ထားကြောင်း သိရသည်။

” နိုင်ငံရဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့နေထိုင်မှုပြဿနာ၊ အိမ်ရာ ပြဿနာတွေအချိန်တိုအတွင်း လူကုန် သက်သာပြီး သင့်တင့်တဲ့ တန်ဖိုးနဲ့ အိမ်တစ်လုံးပိုင်ဆိုင်စေဖို့အတွက် ကူညီ ဖြေရှင်းပေးခြင်းဖြစ်ပါတယ်။ အဓိကအချက်အနေနဲ့တော့ တန်ဖိုးနည်းနည်းနဲ့ အိမ်ဆောက်ဖို့ အခက် အခဲဖြစ်နေသူတွေ၊ အိမ်ဆောက်လုပ် ချင်ပေမယ့် ကြီးကြပ်ဖို့အတွက် အချိန်မပေး နိုင်သူတွေ အတွက်ဖြစ်ပါတယ်” ဟု Treasure Triangle ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ ဦးကျော် ထူးအောင်က ပြောသည်။ အဆိုပါပုံစံများအပြင် ခြံရှိပြီး အပန်းဖြေဘန်ဂလိုပုံစံထားချင်သူများ၊ အတည်တကျပြုလုပ်ရန်မလိုသော Site office , Coffee shop , Mini mart ၊ တရားထိုင်ရန် အဆောင်စသည်များအတွက်လည်း အသုံးပြု၍ရနိုင်မည် ဖြစ်ကြောင်း သိရသည်။

” ဒီခေါက်အိမ်တွေရဲ့ အရွယ်အစားကတော့ (အလျား) ၈’ – ၂’ X (အနံ) ၁၉’ X (အမြင့်) ၈’ – ၆’ ဖြစ်ပါတယ်။ ပုံစံကတော့ နှစ်ထပ်ထပ်မယ်၊ အပေါ်မှာဝရန် တာလုပ်မယ်၊ အမိုး မိုးမယ်၊ ဘေးပတ်လည်ဝရန်တာ လုပ်မယ်စသည်ဖြင့်ကြိုက်နှစ်သက်ရာ အမျိုးမျိုးပြုလုပ်နိုင်မှာဖြစ်ပါတယ်” ဟု ဦးကျော်ထူးအောင်က ဆက် ၍ရှင်းပြသည်။ အဆိုပါတန်ဖိုးနည်း ခေါက်အိမ်များသည် တရုတ်မှ တင်သွင်းသော ပစ္စည်းများဖြစ်ပြီး အခန်းဖွဲ့ခြင်း၊ ဝရန်တာစသည်တို့အပါအဝင် ပြင်ဆင်မှုများအတွက် အမြန်ဆုံး ၁ဝ ရက်မှ အကြာဆုံး ၁၅ရက်ခန့် အချိန်ထပ်ပေးရန်လိုအပ်ကြောင်းသိရ သည်။

HEZ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071