Tuesday, June 3, 2025

ဗီယက်နမ်၌ယာဉ်မတော်တဆမှုကြောင့်၅လအတွင်းလူ၄,၃၀၀ကျော်‌ေ-သဆုံး

ဟနွိုင်း၊ဇွန် ၂ ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့အထိ ယာဉ်မတော်တဆမှုများကြောင့်...

မြစ်ကြီးနားမြို့၌ ရေဘေးသင့်သူ(၁)သောင်းကျော်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်သွာရွာသွန်းမှုကြောင့် မေ ၃၁ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ(၁) သောင်းကျော်ရှိခဲ့ကြောင်း...

ငလျင်ကြီးကြောင့် ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲ ပြန်လည်ဖြေဆို

ငလျင်လှုတ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်း ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲများကို ဇွန်လ (၂) ရက်မှစတင်၍ ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓမ္မာစာရိယစာမေးပွဲသည်၂၀၂၅ ခုနှစ်အတွက် ဖြေဆိုကြခြင်းဖြစ်ပြီး မန္တလေးမြို့...

မြစ်ကြီးနားမြို့တွင် အနိမ့်ဆုံး အပူချိန်စံချိန်သစ်တင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ ဇွန်လ(၃)ရက်တွင် (၁၇.၈) ဒီဂရီစင်တီဂရိတ်ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနထံက သိရသည်။ ယမန်နေ့က...
HomeNewsLocal Newsတနင်္သာရီကမ်းရိုးတန်းဒေသ၏ အမည်ရှိနှင့် အမည်မရှိကျွန်းများအား...

တနင်္သာရီကမ်းရိုးတန်းဒေသ၏ အမည်ရှိနှင့် အမည်မရှိကျွန်းများအား နိုင်ငံတကာစံနှုန်းများနှင့်အညီ အမှတ်စဉ် ရေးထိုးသတ်မှတ်ပြီး အမည်မဲ့ကျွန်းများအား အမည်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

တနင်္သာရီကမ်းရိုးတန်းဒေသ၏ အမည်ရှိနှင့် အမည်မရှိကျွန်းများအား နိုင်ငံတကာစံနှုန်းများနှင့်အညီ အမှတ်စဉ် ရေးထိုးသတ်မှတ်ပြီး အမည်မဲ့ကျွန်းများအား အမည်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီကမ်းရိုးတန်းဒေသ၏ အမည်ရှိနှင့် အမည်မရှိကျွန်းများအား အမှတ်စဉ်သတ်မှတ်ရေးနှင့် အမည်ပေးရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ (ဇန်နဝါရီ ၂၆) နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီကမ်းရိုးတန်းဒေသ တစ်လျှောက် ပင်လယ်ပြင်အတွင်းရှိ ကျွန်းများအနက် တိုင်းဒေသကြီးအတွင်းရှိ အမည်ရှိ၊ အမည်မဲ့ကျွန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ အမှတ်စဉ် ရေးထိုးသတ်မှတ်ခြင်း၊ အမည်မဲ့ကျွန်းများအား အမည်ပေးခြင်းလုပ်ငန်းများကို ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးလုပ်ငန်း ကော်မတီကို လုပ်ငန်းတာဝန် (၇) ရပ်ချမှတ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးသိန်းလင်းက ပြောသည်။

ကမ်းရိုးတန်း ဒေသပင်လယ်ပြင်အတွင်း၌ တည်ရှိသောကျွန်းများ၏အရေအတွက်နှင့် တည်နေရာများကို စနစ်တကျ မှတ်တမ်းတင်ဆောင်ရွက်ထားရှိခြင်းအားဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာပိုင်စိုးသည့် ပင်လယ်ပြင် ဧရိယာနှင့် ကမ်းရိုးတန်းဒေသကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်မှာ ဖြစ်သောကြောင့်အငြင်းပွားမှုများကိုလည်း ခိုင်မာစွာ ရှင်းလင်းခုခံဆောင်ရွက်နိုင်မှာဖြစ်ကြောင်းကိုလည်း လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးသိန်းလင်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်၌ယာဉ်မတော်တဆမှုကြောင့်၅လအတွင်းလူ၄,၃၀၀ကျော်‌ေ-သဆုံး

ဟနွိုင်း၊ဇွန် ၂ ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့အထိ ယာဉ်မတော်တဆမှုများကြောင့် ေ-သဆုံးသူ ၄,၃၂၈ ဦးရှိပြီး ၅,၃၀၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ယာဉ်အန္တရာယ်ကင်းရှင်းရေးကော်မတီ၏ သတက်းထုတ်ပြန်ချက်အရသိရသည်။ သို့သော် ကော်မတီရုံးအကြီးအကဲကမူ အဆိုပါ ကိန်းဂဏန်းသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာကျဆင်းလာခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီသို့ပြောကြားခဲ့သည်။ ငါးလတာကာလအတွင်း ယာဉ်မတာ်တဆမှုပေါင်း ၇,၇၈၁ မှုရှိခဲ့ပြီး အဆိုပါအမှုများကြောင့် ေ-သဆုံးသူ ၄,၂၇၇ ဦးရှိကာ ၅,၂၉၂ ဦးထိခို-က်ဒဏ်ရာရရှိခဲ့သည်ဟုလည်းသိရသည်။ အဆိုပါကိန်းဂဏန်းများသည် ယခင်ကအချိန်များနှင့်နှိုင်းယှဉ်ပါက ယာဉ်မတာ်တဆမှု၌ ၂၅...

မြစ်ကြီးနားမြို့၌ ရေဘေးသင့်သူ(၁)သောင်းကျော်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်သွာရွာသွန်းမှုကြောင့် မေ ၃၁ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ(၁) သောင်းကျော်ရှိခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ဇွန် ၂ ရက်ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ထို့ကြောင့် ရေဘေးသင့်အိမ်ထောင်စု(၂,၂၅၇)စုမှ လူဦးရေ(၁၀,၃၇၅)ဦးအား မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်းများတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃၀)ခုအထိဖွင့်လှစ်၍ ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေဘေးသင့်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူးများ၊ ဆန်ပြုတ်ဘူးများနှင့်...

ငလျင်ကြီးကြောင့် ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲ ပြန်လည်ဖြေဆို

ငလျင်လှုတ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်း ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲများကို ဇွန်လ (၂) ရက်မှစတင်၍ ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓမ္မာစာရိယစာမေးပွဲသည်၂၀၂၅ ခုနှစ်အတွက် ဖြေဆိုကြခြင်းဖြစ်ပြီး မန္တလေးမြို့ မြို့နယ်(၉)မြို့နယ်ရှိ သတ်မှတ်စာဖြေဌာနများ၌ သံဃာတော်များ၊ သီလရှင်များ ဝင်ရောက်ဖြေဆိုနေကြခြင်းဖြစ်သည်။ စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071