တစ်လနီးပါးကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၂၇၀၀) ကျော်ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်မှ ဖေဖော်ဝါရီလ (၂၆) ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ (၂၇၃၈) ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ (၆၇၃)ဦး ကို ထိုင်းနိုင်ငံမှ တဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၂၀၆၅) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်း သိရသည်။
၎င်းတို့သည် အိမ်နီးချင်းနိုင်ငံအချို့ကိုတဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ KK Park နှင့် မယ်ထော်သလေးနယ်မြေများတွင် တရားမဝင်အွန်လိုင်းလေ-ာင်းကစားမှုများ၊ အွန်လိုင်း လိ-မ်လည်မှုများ ကျူးလွန်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
