Friday, June 20, 2025

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ...

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ်...

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော်...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...
HomeNewsLocal Newsတစ်ရွာပြောင်းတိုင်း သူကောင်းဖြစ်မည်လား

တစ်ရွာပြောင်းတိုင်း သူကောင်းဖြစ်မည်လား

မြန်မာ့စကားပုံများတွင် ” တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဟူသည့် စကားပုံ ရှိသည်။

မိမိလက်ရှိနေထိုင်ရာ နေရာဒေသနှင့် အသိုက်အဝန်းထက်အလုပ်အကိုင်အခွင့်အလန်း၊ စီးပွားရေး အခွင့်အလန်း၊ ပညာရေး၊ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ သာလွန်တိုးတက်ကောင်းမွန်နိုင်မည့် နေရာဒေသများသို့ ပြောင်းရွှေ့ နေထိုင်ကြရမှုကို ရည်ညွှန်းပြောဆိုခဲ့ကြဟန်တူသည်။

ခေတ်အဆက်ဆက်၌လည်း ယင်းကဲ့သို့ ရွှေ့ပြောင်းသွားလာ နေထိုင်နေကြရမှုများ ရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် ယခုကာလတွင် ယင်းကဲ့သို့ တစ်ရွာပြောင်းကြသူများပို၍ပို၍ များပြားလာသည်။

၂၀၂၁ ခုနှစ် ၊ ဖေဖေါ်ဝါရီ (၁) ရက် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ပြည်တွင်းမှ လူငယ်လူရွယ်များ ၊ ပညာရှင်များနှင့် မိသားစုများ ပြည်ပသို့ အလုံးအရင်းနှင့် ထွက်ခွာသွားကြသည်ကို နေ့စဉ်သတင်းများအရ မြင်တွေ့နေကြရသည်။

နိုင်ငံရေးအပြောင်းအလဲ၏ ဂယက်ရိုက်မှုသည် လူငယ်အများစုကို ပြည်ပသို့ထွက်ခွာရန် ယခုအချိန်ထိ တွန်းအားတစ်ခုအနေဖြင့် တွန်းပို့နေဆဲဖြစ်သည်။ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလန်း ရှားပါးလာမှုနှင့် လုံခြုံအေးချမ်းမှု မရှိခြင်းတို့က လူငယ်များ ပြည်ပထွက်ရန် လုံလောက်သည့်အကြောင်းပြချက်အနေဖြင့် ရှိလို့နေသည်။

” အထဲမှာ အလုပ်အကိုင်တွေ မကောင်းတော့တာရယ်၊ အရင်လို လုံခြုံအေးချမ်းမှု မရှိတော့တာရယ်တွေက တွန်းအားတစ်ခုလိုဖြစ်နေတာပေါ့” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်ပသို့ ထွက်ခွာသူ နှစ်သန်းကျော်အထိရှိခဲ့ပြီး ယင်းကဲ့သို့ ပြည်ပထွက်ခွာသူများ သုံးစွဲရသည့် အထွေထွေကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများ၏ဖော်ပြချက်များအရ သိရသည်။

နိုင်ငံပိုင် သတင်းဌာနများ၏ ဖော်ပြချက်များအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ပြည်ပထွက်ခွာသူ (၅) သိန်းကျော် ၊ ၂၀၂၃ ခုနှစ်တွင် (၁) သန်းနီးပါးနှင့် ယခုနှစ်အတွင်း လက်ရှိကာလအထိ (၇) သိန်းကျော်အထိ ရှိနေပြီး အများစုမှာ ပြည်ပ၌ သွားရောက်အလုပ်လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရေအတွက်ထဲမှ လူငယ်လူလတ်ပိုင်း အများစုသည် ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနှင့် လာအိုသို့ တရားမဝင်နည်းလမ်းဖြင့်သွားရောက်ကြသူများလည်း သိန်းနှင့်ချီ၍ ရှိနေနိုင်ကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသားများအရေး စောင့်ကြည့်လေ့လာသူများ၏ စစ်တမ်းများအရ သိရသည်။

လစဉ် ပြည်ပသို့ ထွက်ခွာနေသည့် အလုပ်သမားများ၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းကြည့်နိုင်ရန် အလုပ်သ မားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ထံ ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းဖြင့် အင်တာဗျူး မဖြေနိုင်ကြောင်းသာ ၎င်းက အကြောင်းပြန်ခဲ့သည်။

ယခုကဲ့သို့ ပြည်ပထွက်ခွာသူ များပြားမှုကြောင့် ပြည်တွင်း၌ နှစ်စဉ် နိုင်ငံခြားငွေ လိုအပ်ချက်မြင့်နေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့သည့် တိုင်းနှင့် ပြည်နယ်အချို့မှ ဝန်ကြီးချုပ်များနှင့် နစက ဥက္ကဋ္ဌတွေ့ဆုံပွဲတွင် နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသွားသည်ကိုတွေ့ ရသည်။

ယခင်ကပင် လိုအပ်ချက် မြင့်မားနေသည့် နိုင်ငံခြားငွေသည် လူငယ်များ ပြည်ပထွက်၍ ပိုမိုဆိုးရွားလာရသည်ဟု တံဆိပ်ကပ်ခံရခြင်းမှာ ကောင်းမွန်သည့် အလားအလာမတော့ ဟုတ်ပေ။

တစ်ဘက်တွင်လည်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးမှုများရှိနေရာ မြန်မာနိုင်ငံသားအများအပြား ဖမ်းဆီးခံနေရသည့် ဖြစ်စဉ်များ၊ ပွဲစားလူလိ-မ်များ၏ လိ-မ်လည်ခံရမှုများရှိနေပြီး အများစုမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်သူများဖြစ်နေသည်ကို တွေ့ရသည်။

“”မြွေပူရာ ကင်းမှောက်” ဆိုသလိုပေါ့၊ ကိုယ့်နိုင်ငံမှာအကြော င်းအမျိုးမျိုးနဲ့ အဆင်မပြေလို့ ဒီဘက်ကို ကူးလာတယ်။ ဒီ မှာ အဖမ်းခံရတာတွေ ပွဲစားက လိ-မ်တာတွေလည်း ကြားနေရတာ နေ့တိုင်းလိုလိုပဲ”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အကူညီပေးနေသူ တစ်ဦးက ဆိုသည်။

ထို့ပြင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများအား မိမိရရှိသည့် လစာဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို ပြည်ပသို့ တရားဝင်လမ်းကြောင်းမှ ပြန်ပို့ရန် ညွှန်ကြားမှုများ ရှိလာသည့်အတွက် အဆိုပါ ၂၅ ရာခိုင်နှုန်းမှာ ပြင်ပပေါက်ဈေးအတိုင်း မဟုတ်ဘဲဗဟိုဘဏ်သတ်မှတ်နှုန်း ထားဖြင့်သာ ရရှိမည်ဖြစ်သည်။သို့သော် ထိုငွေသည် တရားဝင် ဖြစ်ပြီး အခြား နည်းလမ်း သုံး ၍ အကျိုး ခံစားခွင့်ရှိသည့်အမျိုးအစားဖြစ်သည်ကို သိသူနည်းနေသေးသည်။ အခွန်ဆောင်လိုက်သလို ဘာမှပြန်မရနိုင်ဘူးလားဟု စိုးရိမ်စိတ်တွေရှိနေဆဲပင်ဖြစ်သည်။

အလားတူ လေယာဉ်လက်မှတ်ခ နှုန်းထားများ အရှိန်အဟုန်ဖြင့် မြင့်တက်သွားခြင်း၊ နိုင်ငံကူးလက်မှတ် အလွယ်တကူ မရရှိခြင်း၊ ပြည်ပထွက်ခွာခွင့် ကန့်သတ်ခံရခြင်းများ အပြင် အခြားအခြားသော အကြောင်းအချက်များသည် ပြည်ပထွက်၍ အလုပ်လုပ်ကိုင် လိုကြသည့် လူငယ်ထုအတွက် စိန်ခေါ်မှု တစ်ရပ်အနေဖြင့် ရှိနေသည်။

” နိုင်ငံကူး လက်မှတ်က အရင်ကလည်း လွယ်လင့်တကူမရဘူး။ အခုက တော်တော် အခြေနေဆိုးနေတာလေ။ အနည်းဆုံး လေးငါးခြောက်လ စောင့်ရတယ်။ ကိုယ့်အလှည့်ရောက်ခါနီးမှ ဟိုလိုဖြစ်လို့ ဒီလိုဖြစ်လို့ဆိုပြီး ရုံးက ပိတ်သွားတာတို့ ဘာတို့လည်း ကြုံရနိုင်သေးတယ်။ အမြန်လိုချင်လို့ ပွဲစားနဲ့ လုပ်ပြန်ရင်လည်း ဆယ်နဲ့ချီကုန်ကျတယ်။ ကိုယ်တိုင်သွား ‌ေလျှာက်ရင်လည်း အမျိုးမျိုးရစ်နေတာနဲ့ စိတ်ညစ်ဖို့ကောင်းတယ်” ဟု မကွေးတိုင်း ၊ နတ်မောက်မြို့မှ ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူ တစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ကိုရီးယားနိုင်ငံမှ မြန်မာလုပ်သားများကို အလုပ်သမားအနေဖြင့် ပိုမိုခေါ်ယူမှုများ ရှိလာပြီး အလုပ်ခေါ်ယူသည့် အပတ်စဉ်တိုင်း အလုပ်သမားထောင်နှင့်ချီကာ သွားရောက်လျက်ရှိသည်ကို တွေ့ရသည်။ အ လားတူ ဂျပန်နိုင်ငံမှလည်း မြန်မာလုပ်သားများ ပိုမိုခေါ်ယူ လာသည်ကို တွေ့ရသည်။

ယင်းကဲ့သို့ သွားရောက်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအလိုက် ဘာသာစကားသင်တန်းများ ၊ လုပ်ငန်းပိုင်းဆိုင်ရာ သင်တန်းများ ကြိုတင်တက်ရောက်ရမှုများ၊ စာမေးပွဲများ အဆင့်ဆင့်ဖြေဆိုရခြင်းစသည့် အခက်အခဲများ ရှိနေသလို တစ်ဘက်တွင်လည်း ပြည်ပထွက်ခွာမှုအတွက် ကုန်ကျစရိတ်များကို နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းကြရမှုများလည်း ရှိနေသည်။

” အစ်မအသိတွေထဲက တချို့ဆို သူတို့ သားသမီးတွေ နိုင်ငံခြားသွားအလုပ်လုပ်ဖို့ အိမ်နဲ့ ခြံကို ပေါင်ပြီးလွှတ်ကြတဲ့သူတွေတောင် ရှိတယ်။ ဟိုမှာ အလုပ်အကိုင်အဆင်ပြေလို့ အ တည်တကျ ဖြစ်ပြီဆိုရင် ပြန်ရွေးကြမယ်ပေါ့။ ဒါပေမဲ့ နိုင်ငံ ခြားသွားတိုင်း အလုပ်အကိုင်က အဆင်ပြေတာမဟုတ်ဘူးလေ။ အများစုက အလုပ်ကြမ်းသမားတွေအနေနဲ့ သွားကြရတာ။ စိုက်ပျိုးရေးတို့၊ ဆောက်လုပ်ရေးတို့လိုနေရာတွေမှာ ပင်ပင်ပန်းပန်း လုပ်ကြရတယ်လို့ ပြန်ကြားရတယ်။ ဒါပေမဲ့ အခုငွေဈေးနဲ့ တွက်မယ်ဆိုရင်တော့ ဒီမှာထက် အများကြီး ရမှာပေါ့” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။

သို့သော် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်သူတိုင်း အဆင်ပြေနေသည်တော့မဟုတ်။ တစ်ဘက်နိုင်ငံတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား မပြေလည်မှုများ၊ လုပ်ငန်းခွင် ညှင်းပန်းနှိပ်စက်မှုများ၊ လုပ်ခလစာအပြည့်အဝ မရရှိကြမှုများ ၊ စာချုပ်ပါ အလုပ်အကိုင်နှင့် အမှန်တကယ် လုပ်ကိုင်ရသည့် လုပ်ငန်းများ ကွဲလွဲနေမှုများ ၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအယောင်ဆောင် လိ-မ်လည်ကြသူများကြောင့် ပြည်ပထွက်ခွင့်မရခင် ငွေကြေးဆုံးရှုံးရမှုများလ ည်း မကြာခဏ ကြုံတွေ့နေရသည့် အခြေအနေရှိသည်။

ဤသို့ဆိုလျှင် လူငယ်များ၏ သူကောင်းဖြစ်ရေး မျှော်လင့် ချက်မှာ အထမမြောက်ဘဲ သဲထဲရေသွန်သကဲ့သို့သာ ရှိမည်ဖြစ်သည်။

ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးလာခြင်း ၊ အများပြည်သူလုံခြုံစိတ်ချရမှု လျှော့နည်းလာခြင်း၊ စစ်မှုထမ်း ဥပဒေစတင်အကောင်အထည်ခြင်း ၊ အထွေထွေကုန်ဈေးနှုန်း ကြီးမားလာမှုကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲကြုံလာ ရသည့်အတွက် ပြည်ပထွက် ငွေရှာလိုသည့် လူငယ်များ၏အိ ပ်မက်များသည် အမှန်တကယ် အကောင်အထည်ဖော်ခွင့် ရှိမည်လား။ ယနေ့အချိန်ထိ မေးခွန်းထုတ်စရာများစွာ ရှိနေသ ည်။

ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ရာမှ အဆင်မပြေမှုများစွာနှင့်ကြုံတွေ့ကာ မိမိကိုယ် မိမိအဆုံးစီရင် သွားကြမှုများ၊ လုပ်ငန်းခွင် ထိခိုက်အန္တရာယ်ကြုံရမှုကြောင့် အသက်ဆုံးရှုံးရမှုများ ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးရမှုများ ၊ ပြည်ပတွင် နေထိုင်နေစဉ် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရကာ ထောင်ဒဏ်ကျခံရမှုများ ၊ ပြည်တွင်းသို့ ပြန်ပို့ခံရမှုများအပါအဝင် လုပ်ငန်းခွင်အဆင်မပြေမှု ပေါင်းများစွာနှင့် လက်ရှိအချိန်ထိ ကြုံတွေ့နေရဆဲပင်ဖြစ်သည်။

အဆိုပါ အခြေအနေများကြောင့် ပြည်တွင်း၌ ကျန်ခဲ့သည့် မိသားစုများတွင် ငွေကြေးဆုံးရှုံးရမှုများ၊ အကြွေးသံသရာ ၌ နစ်မွန်းရမှုများလည်း အမြောက်အများ ရှိလို့နေဆဲပင်ဖြ စ်သည်။ သို့ဆိုလျင်”တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဆိုသည့် စကားပုံအစား ” ‌ေ-သချင်တဲ့ကျား တောပြောင်း” ဆိုသည့် စကားပုံသို့ ပြောင်းကြရမည့် အခြေအနေဖြစ်သည့် အတွက် မိမိတို့၏ ဆုံးဖြတ်ချက်များအား အကြိမ်ကြိမ်စဉ်း စားချင့်ချိန်ကြရန် လိုအပ်ကြောင်း အကြံပြုလိုက်ရသည်။

ပြည်တွင်း၌ လည်း လုံခြုံ ကျေနပ်စရာကောင်းသည့် လုပ်ငန်းခွင် အဝန်းအဝိုင်း ဖြစ်ရေးတွင်လည်း အားလုံး က တာဝန်ရှိနေပြန်သည်။ပြည်သူ့အရေးအရာ ကို စီမံခန့်ခွဲကြသူများ၏ အရည်အသွေး ကို စိန်ခေါ် နေသည့် အခြေအနေ အချိန်အခါ လည်း ဖြစ်သဖြင့် တာဝန်ကြီးသောခေတ်ကို ဖြတ်သန်းနေသူများ ပေါ့ဆ၍ မရသည့် ခေတ်လည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု မိုး/ဇလ အသိပေး

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ အသိပေးထားသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတို-က်ခ-တ်ခြင်းကြောင့် အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်းစသော သဘာဝဘေး အန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူ များအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကို သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။ ထို့ပြင် မြန်မာ့ကမ်းရိုးတန်တလျှောက် မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့်...

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန်တို့ အပြန်အလှန် တို-က်ခို-က်နေခဲ့သည်မှာ ၇ ရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အမေရိက၏ ဘန်ကာဖျက်ဗုံးများမှအပ ကျန်လက်နက်များသည် တိုးမပေါက်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှိသည်ဟု ယူဆထားသော တောင်တစ်လုံး၏အောက်တွင် တည်ဆောက်ထားသည့် ဖော်ဒိုးယူရေနီယံသန့်စင်စက်ရုံကို တို-က်ခို-က်ခြင်းဖြင့် အီရန်ကို စတင်တို-က်ခို-က်မည်လားဆိုသည်ကို ထရမ့်ပ်က ချိန်ဆလျက်ရှိသည်။ သူ၏ သတင်းထုတ်ပြန်ချက်ကို...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ် တောင်းဆို

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် ဘန်ကောက်ရှိ ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်၌ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်း ဆူဗာရီးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းနှင့် မီဒီယာများ၌ အများက ထင်မြင်ယူဆချက်များနှင့် သတင်းအချက်အလက်များ ပျံ့နှံ့နေမှုကြောင့် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ ထိုင်းနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများအပေါ် စိုးရိမ်မိသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Pana Klaewplodthuk က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071