မော်လိုက်မြို့ကိုဗဟိုပြု၍ ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်အစောပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက် ၃ နာရီ ၄၀ မိနစ် ၁၈ စက္ကန့်က မော်လိုက်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင် အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းကလည်း မော်လိုက်မြို့၏ အနောက်ဘက်(၂၆) မိုင်ခန့်အကွာ၊ အနက် (၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစ ကေး(၃ ဒသမ ၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။
