Wednesday, December 17, 2025

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...
HomeInternationalတစ်ဖက်သတ်ဝါဒကို တန်ပြန်ရာတွင် တရုတ်က...

တစ်ဖက်သတ်ဝါဒကို တန်ပြန်ရာတွင် တရုတ်က အာဆီယံနှင့်အတူ ရပ်တည်–ရှီကျင့်ဖျင်

တစ်ဖက်သက်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒကို တွန်းလှန်ရာတွင် မလေးရှားနိုင်ငံ နှင့် အရှေ့တောင်အာရှဒေသ နှင့် လက်တွဲသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကို အရိပ်အမြွက်ရည်ညွှန်းကာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုလိုက်သည်။

ဧပြီလ၁၆ ရက်‌ေန့က သူ၏ မလေးရှားနိုင်ငံခရီးစဉ် ဒုတိယမြောက်နေ့တွင် ဂုဏ်ပြုညစာစားပွဲ၌ အာရှမိသားစု၏ အနာဂတ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် စည်းလုံးညီညွတ်မှု၏ အရေးကြီးပုံကို ရှီက အလေးပေး ပြောကြားခဲ့သည်။

“စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ တုန်လှုပ်ခြောက်ခြားစရာတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန် ပထဝီနိုင်ငံရေးဆိုင်ရာ ပြိုင်ဆိုင်မှုတွေ၊ အစားအစာ နှင့်ရိက္ခာအခြေခံ ထိပ်တိုက်ရင်ဆိုင်မှုတွေအပြင် တစ်ဖက်သတ်ဝါဒနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒရဲ့ ရန်လိုမှုတွေကို တန်ပြန်ရာမှာ တရုတ်နိုင်ငံနဲ့ မလေးရှားက ဒေသတွင်းနိုင်ငံတွေနဲ့အတူ ရပ်တည်သွားမှာပါ” ဟု တရုတ်သမ္မတက ပြောကြားခဲ့သည်။

အမေရိကန်အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြုံနေရစဉ် တရုတ်နိုင်ငံသည် ဆင်ခြင်တုံတရားရှိသော၊ ခိုင်မာပြီး ယုံကြည်စိတ်ချရသော မိတ်ဖက်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အသတ်မှတ်ပြုခဲ့သည်။

ရှီ၏ သုံးရက်ကြာ မလေးရှားနိုင်ငံခရီးစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံအများစုအပေါ် အပြန်အလှန်အခွန်စည်းကြပ်မှုကို ရက် ၉၀ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ကာ တရုတ်သွင်းကုန်များကိုမူ ၁၄၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်သည် အမေရိကန်ကုန်စည်များအပေါ် စည်းကြပ်ခွန်များ ဆက်တိုက်တိုးကောက်၍ လက်တုန့်ပြန်ခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ယနေ့ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက အများပိုင်ကုမ္ပဏီ Good Brothers Co., ltd အောက်ရှိ လယ်ယာဝန်ဆောင်မူများ ဆောင်ရွက်သည့် ကုမ္ပဏီခွဲGBS( လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု အများပိုင် ကုမ္ပဏီလီမိတက်)က ရန်ကုန်စတော့အိတ်ချိန်းရှိ PLB (Pre listing Board) တွင် မှတ်ပုံတင်ခြင်း အခမ်းအနားကျင်းပပြီး ရှယ်ယာများအား သက်သာသောဈေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071