Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsတစ်ပတ်ကတ်ဖြင့် တရုတ်နိုင်ငံအတွင်းဝင်လိုသူ​သောင်းနှင့်ချီရှိနေသော်လည်း နေ့စဉ်...

တစ်ပတ်ကတ်ဖြင့် တရုတ်နိုင်ငံအတွင်းဝင်လိုသူ​သောင်းနှင့်ချီရှိနေသော်လည်း နေ့စဉ် ၅၀၀ ဝန်းကျင်သာ ကတ်ထုတ်ပေးနိုင်၍ အခက်ကြုံနေရ

တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့မှတဆင့် ယာယီဖြတ်သန်းခွင့်ကတ် ကိုင်ဆောင်ကာ တရုတ်နိုင်ငံအတွင်းသို့သွားရောက်လိုသူ သောင်းနှင့်ချီရှိနေသော်လည်း နေ့စဉ်ကတ်ထုတ်ပေးနိုင်သည့် ပမာဏမှာ (၅၀၀) ဝန်းကျင်သာ ရှိသည့်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း  မူဆယ်ဒေသခံများ ထံမှ စုံစမ်းသိရသည်။

ကိုဗစ်ကာလအတွင်းက ယာယီပိတ်ထားခဲ့သည့် နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းခွင့်ကို ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက် နေ့လယ်ပိုင်းက စတင်ကာ အကန့်အသတ်မရှိ ပြန်ထုတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ ယာယီနယ်စပ် ဖြတ်သန်းခွင့် (TBP) ကတ်များ ပြန်လည်ထုတ်ပေးနေပြီဖြစ်သည့်အတွက် မူဆယ်နယ်စပ်ဒေသခံများအပါအဝင် မြန်မာနိုင်ငံတဝန်းမှ လာရောက်စောင့်ဆိုင်းနေသူများမှာ သောင်းနှင့်ချီကာ ရှိနေကြောင်း သိရသည်။

” မနက် (၆) နာရီကနေ ညနေ (၅) နာရီအထိ ထုတ်ပေးတယ်။ ဒါပေမဲ့ စက်က (၂) လုံးတည်းပဲ ရှိတော့ ပိတ်မိနေတာတွေတော့ ရှိမှာပဲ။ ဘာမှလည်း လုပ်ပေးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ကို အနည်းဆုံး (၃) မိနစ်လောက်ကြာတယ်ဗျာ။ အဲဒီတော့ တစ်နေကုန် ကတ်ထုတ်ပေးနိုင်တာက လူအယောက် (၅၀၀) စာလောက်က ထန်ကုန်ပဲ။ အဲဒီထက်မပိုဘူး” ဟု မူဆယ် အခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေးကွန်ရက်မှ ဦးစိန်လှအောင်က ပြောသည်။

လက်ရှိတွင် တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့မှတဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ် (TBP) ကိုင်ဆောင်ကာ တရုတ်နိုင်ငံ ရွှေလီမြို့ဧရိယာအတွင်းသို့ (၆) ညအိပ် (၇) ရက် သွားလာနိုင်ပြီဖြစ်ပြီး အဆိုပါ TBP ကတ် ထုတ်ယူရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား အများအပြား မူဆယ်မြို့တွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

အဆိုပါ TBP ကတ်သည် ရွှေလီ ၊ ကျယ်ခေါင် ဧရိယာအတွင်း အလည်အပတ်သဘော ခရီးသွားလာခွင့်အတွက် ထုတ်ပေးခြင်းသာ ဖြစ်ပြီး ယင်းကတ်ကိုင်ဆောင်ကာ အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုမထားကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ အလုပ်လုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုမထားသော်လည်း တရုတ်နိုင်ငံဘက်မှ နားလည်မှုဖြင့် မသိကျိုးကျွံပြုထားသည့်အတွက် ကိုဗစ်ကာလမတိုင်မီ ယခင်နှစ်များကအတိုင်းပင် သွားရောက်လုပ်ကိုင်လျက်ရှိ​နေကြသည်။

” ဒီကတ်က အလည်အပတ်နဲ့ ဈေးဝယ်ခွင့်ကတ်ပေါ့။ ဒါပေမဲ့ နားလည်မှုပေါ့ဗျာ။ တရုတ်ကလည်း အခုဝင်သွားတဲ့ တစ်ပတ်ကတ်တွေနဲ့လည်း ခိုင်းမှာပဲ။ ဒီဘက်မှာက တစ်နေ့လုပ်ခ ၅၀၀၀/၁၀၀၀၀ ရဖို့မလွယ်ဘူးလေဗျာ။ ဟိုဘက်မှာ ပန်းရံအလုပ်သမား မဆလာသယ်ရင်တောင် တစ်ရက်ကို တရုတ်ငွေ ၁၀၀ ဆိုတော့ ၅၀၀၀၀ နီးပါးရပြီလေ” ဟု ဦးစိန်လှအောင်က ရှင်းပြသည်။

လက်ရှိ အနေအထားအရ တရုတ်နိုင်ငံ ရွှေလီမြို့ ဧရိယာအတွင်း၌ပင် မြန်မာအလုပ်သမား သိန်းဆယ်နှင့်ချီ၍ အလုပ်ပေးထားနိုင်သည့် အခြေအနေရှိနေပြီး ယင်းကဲ့သို့အလုပ်အကိုင်အခွင့်အလန်း ကွာဟနေမှုကြောင့် နယ်စပ်ဖြတ်ကျော်သွားရောက်လိုသည့်ဦးရေ မြင့်တက်နေဦးမည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

” ကျွန်တော် ခန့်မှန်းရသလောက် (၃) လအတွင်းလောက်ကတော့ တော်တော်ကို ခဲခဲလှုပ်နေဦးမှာပဲ” ဟု ၎င်းက ဆိုသည်။

တရုတ် – မြန်မာ နယ်စပ် ယာယီဝင်ထွက်ခွင့်ကတ် (TBP) များကို တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့ရှိ နန်းတော်ဂိတ်၊ ဆင့်ဖြူဂိတ်တို့တွင် နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၅) နာရီအထိ ထုတ်ပေးနေပြီး မန့်ဝိန်းဂိတ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား စိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ TBP ကတ်ထုတ်ပေးခြင်းကို ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ နှစ်နိုင်ငံနားလည်မှုဖြင့် စတင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မူဆယ်၊ နမ့်ခမ်းနှင့် ပန်ဆန်း အိမ်ထောင်စုဇယား ရှိသူများကိုသာ ခွင့်ပြုပေးနေရာမှ ယခုစက်တင်ဘာလ (၄) ရက် နေ့လယ် (၁၂) နာရီက စတင်ကာ မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်သူ မည်သူမဆိုအား ခွင့်ပြုထုတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ – မူဆယ် ရွှေလီ ကျယ်ခေါင် အလုပ်အကိုင်အခွင့်အလမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071