Friday, July 4, 2025

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံများ ရေသိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ချောင်းများအတွင်း...

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း မိုးရေချိန် ၂ လက်မဝန်းကျင်ရွာသွန်းခဲ့သော်လည်း သက်ဆိုင်ရာရေလှောင်တမံများက သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ငမိုးရိပ်ချောင်းအတွင်း ရေအတက်လွန်ခြင်းမျိုးမရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနက ယနေ့ ဇူလိုင်၄ ရက်တွင်...

AFF Shopee Cup ခြေစစ်ပွဲ...

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို...

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည်...
HomeNewsLocal Newsတစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန်...

တစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန် ထုတ်လုပ်နိုင်မည့် လက်ဖက် အချိုခြောက်နှင့် သစ်သီး အခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်လှစ်

တစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန် ထုတ်လုပ်နိုင်မည့် လက်ဖက် အချိုခြောက်နှင့် သစ်သီး အခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နောင်တရားမြို့တွင်တစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန် ထုတ်လုပ်နိုင်မည့် လက်ဖက် အချိုခြောက်နှင့် သစ်သီး အ ခြောက်ခံစက်ရုံ(နောင်တရား)ကို ဧပြီလ၈ရက်နေ့ကစတင် ဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်မှာရှိသည့် နောင်တရားမြို့အတွင်း ယခုကဲ့သို့ လက်ဖက်ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံကြီး တည်ဆောက်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း (နောင်တရား) ဒေသ၊ ပင်လောင်း ဒေသနှင့် အနီးဝန်းကျင်ဒေသများတွင် ထွက်ရှိသည့် သစ်သီးများကို အခြောက်ခံပြီး အသီးအခြောက်ပြုလုပ်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်ရောင်းချပြီး ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပြီး ဝင်ငွေတိုးပွား စေရန်ဖြစ် ကြောင်း၊ ပင်လောင်း- နောင်တရားဒေသများသည် ပတ်ဝန်းကျင်ရှိ ရွာငံ၊ ပင်းတယမြို့များထက် စိုက်ဧကများသော်လည်း အကျိုးမြတ်ရရှိမှုနည်းသဖြင့် လက်ဖက်ခြံလုပ်ငန်းများနှင့် အသီးခြံလုပ်ငန်းများ စွန့်ခွာမည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိရာ စက်ရုံမှဝယ်ယူမည့် လက်ဖက်နှင့်သစ်သီးကုန်ကြမ်း ဝင်ငွေပုံမှန် ရရှိလာမည်ဖြစ်၍ လက်ဖက်နှင့် သစ်သီးခြံလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံသည် တစ်ရက် ၈ နာရီတစ်ဆိုင်းဖြင့် ထုတ်လုပ်ပါက လက်ဖက်ကုန်ချော လက်ဖက် အချိုခြောက် ၁၁၃၆ ကီလိုဂရမ် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် စက်လည်ရက် ၂၂၄ ရက် ဖြင့် လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ၄၈၈၀၀၀ ကီလိုဂရမ်(၅၃၈ တန်)ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ယခုစက်ရုံ၏ တပ်ဆင်ထားသည့်စနစ်မှာ CTC (Crush-Tear- Curl) စနစ်ဖြစ်ပြီး လက်ဖက်အချိုခြောက်၏ အရည်အသွေးကို မြင့်မားစွာ ထုတ်လုပ်နိုင်သည့်အပြင် အလေအလွင့်နည်းပါးစွာဖြင့် ထုတ်လုပ်နိုင်ကြောင်း၊ တစ်ရက်လျှင် ၈ နာရီ ကုန်ကြမ်း ၅ တန် ကြိတ်ဝါးပါက ကုန်ချော ၁ ဒသမ ၁ တန် ထွက်ရှိမည့် CTC အချိုခြောက်စက်များ တပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

နောင်တရား ပတ်ဝန်းကျင် ကျေးရွာအုပ်စု ၈ စုတွင် လက်ရှိလက်ဖက်စိုက်ဧက စုစုပေါင်း ၄၅၂၆ ဧကခန့်နှင့် တစ်ဧကပျမ်းမျှ လက်ဖက် ရွက်စိမ်း ၆၀၀ ပိဿာခန့် ထွက်ရှိပြီး တစ်နှစ် စုစုပေါင်း လက်ဖက်ရွက်စိမ်း ၂ ဒသမ ၇ သန်းပိဿာခန့်ထွက်ရှိကြောင်းနှင့် ပင်လောင်းမြို့နယ် အတွင်းတွင် လက်ဖက်စိုက်ဧက ၁၅၅၄၃ ဧကမှ တစ်နှစ်လက်ဖက်ရွက်စိမ်း ၆၆၁၀၂၀၀ ပိဿာခန့် ထွက်ရှိသည့်အတွက် ဒေသတစ်ခုလုံးတွင် လက်ဖက်ရွက်စိမ်းထွက်ရှိမှုအနေဖြင့် ၉၃၂၅၈၀၀ ပိဿာ (၁၅၂၂၈)တန် ထွက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံများ ရေသိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ချောင်းများအတွင်း ရေအတက် လွန်ခြင်းမျိုးမရှိ ဟုဆို

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း မိုးရေချိန် ၂ လက်မဝန်းကျင်ရွာသွန်းခဲ့သော်လည်း သက်ဆိုင်ရာရေလှောင်တမံများက သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ငမိုးရိပ်ချောင်းအတွင်း ရေအတက်လွန်ခြင်းမျိုးမရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနက ယနေ့ ဇူလိုင်၄ ရက်တွင် အသိပေးထားသည်။ ယနေ့တွင် ငမိုးရိပ်ရေလှောင်တမံနှင့် သက်ဆိုင်ရာချောင်းများ၏‌ ရေဝင်‌ရောက်မှုအခြေနေကိုစစ်ဆေးခဲ့ကြရာ၊ငမိုးရိပ်ချောင်း (လှည်းကူးတံတား)၊ ငမိုးရိပ်ချောင်း (ကြို့ကုန်းတံတား)၊ ငမိုးရိပ်ချောင်း (ဖောင်ကြီးတံတား)၊ ငမိုးရိပ်ချောင်းအတွင်း စီးဝင်သည့် ဝါဒရယ်ချောင်း(မင်းကုန်း)နှင့် ငမိုးရိပ်ချောင်းအတွင်းစီးဝင်သည့် ကလီထော်ချောင်း(အမြန်လမ်းတံတား)တို့၏ ရေဝင်ရောက်မှုမှာ ပုံမှန်ခန့်သာရှိနေကြောင်း ဆိုသည်။ လက်ရှိ လှည်းကူးမြို့နယ်အတွင်း ရေလှောင်တမံ (၅)ခု ၏ မိုးရေဝင်ရောက်မှု အခြေ ဖော်ပြချက်အရ ငမိုးရိပ်ရေလှောင်တမံတွင် ၂.၀၅...

AFF Shopee Cup ခြေစစ်ပွဲ ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ ယှဉ်ပြိုင်ကစားရမည်

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း အသင်းက အသိပေးထားသည်။ အဆိုပါ ခြေစစ်ပွဲနှစ်ပွဲအနက် တစ်ပွဲမှာ လာအိုနိုင်ငံတွင်တစ်ကျော့၊ မြန်မာနိုင်ငံတွင် တစ်ကျော့ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သော်လည်း ခြေစစ်ပွဲ ကစားရမည့် ရက်များကိုတော့ ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၄ ရက်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် AFF Shopee Cup Official Draw 2025/26 အခမ်းအနားကို ရှမ်းယူနိုက်တက်အသင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို ကျွန်တော်တို့ ပြောခဲ့ကြပြီး ယူကရိန်းစစ်ပွဲအကြောင်းလည်း ပြောခဲ့တယ်။ အဲဒီ (အခြေအနေ) ကို ကျွန်တော် ဘဝင်မကျပါဘူး” ဟု ထရမ့်က ဝါရှင်တန်အနီးရှိ Joint Base Andrews တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပဋိပက္ခဖြေရှင်းရေးကို ရည်ညွှန်း၍ "ကျွန်တော် ဘာတိုးတက်မှုမှ မရခဲ့ဘူး" ဟုလည်း သူက အလေးပေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071