၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်အထိ(တစ်နှစ်ကျော်)အတွင်း မြန် မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်သို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုနှင့် လောင်းက စားမှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသော ပြည်ပနိုင် ငံသား(၁၄,၂၀၅)ဦးကိုထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းနိုင်ခဲ့သူများအနက် ယနေ့ ဖေဖော်ဝါ ရီ ၁၄ ရက်တွင်လည်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၅)ဦးကိုဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
တစ်နှစ်ကျော်အတွင်း မြဝတီမြို့နယ်အတွင်းသို့ တရား မဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄,၂၀၅)ဦးကိုထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၁၃,၁၁၇)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၁၀၈၈)ဦးသည်လည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အ သင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့် ရှောက်ထားကြောင်း သိရသည်။
