Saturday, June 21, 2025

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့်...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...
HomeNewsLocal Newsတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အရည်အချင်းစစ်...

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အရည်အချင်းစစ် စာမေးပွဲကျင်းပမည်

ဒွါဒသမအကြိမ်မြောက် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အရည်အချင်းစစ် စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကြီးကို ၂၀၂၅ ခုနှစ် ဆိုင်ရာ ဒွါဒသမအကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပမည်ဖြ စ်ပြီး အရည်အချင်း သတ်မှတ်ချက်အားဖြင့် မူလတန်း၊ အလယ်တန်းဟူ၍ သတ်မှတ်ထုတ်ပြန်ထားသည်။

ယင်းတွင် မူလတန်းနှင့် အလယ်တန်း အရည်အချင်းစစ် စာမေးပွဲကို ဧပြီ (၁၀)ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများသည်အသက်အားဖြင့် အသက် (၁၂) နှစ် (၆) လအောက်၊ အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူများဖြစ်ပါက အသ က် (၁၂) နှစ် (၆) လအထက်မှ အသက် (၁၅) နှစ် (၆) လအတွင်း ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဖေဖော်ဝါရီလ (၁၇) ရက်မှစတင်၍ အရည်အချင်းစစ်စာမေးပွဲ ဝင်ခွင့်တောင်းခံလွှာများကို သက်ဆိုင်ရာ စာဖြေဌာနများမှထုတ်ယူနိုင်ကြောင်း သိရသည်။

မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အရည်အချင်းစစ် (ရေးဖြေ) စာမေးပွဲကို ၂၀၂၅ခုနှစ် ဧပြီ (၁၀) ရက် နံနက် (၉) နာရီမှ နံနက် (၁၀)နာရီခွဲအထိ တစ်နိုင်ငံလုံးရှိ စာဖြေဌာနအားလုံး တပြိုင်နက် ဖြေဆိုမည်ဖြစ်သည်။

အဆိုပါ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲသည် ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင် (၆)တွဲ (၈)အုပ်ကိုပြဋ္ဌာန်းမူအဖြစ်ထားရှိကာ အဘိဓမ္မာ၊ ယဉ်ကျေးမှု၊ ဧတဒဂ်၊ ဇာတ်တော်၊ အထွေ ထွေ အစရှိသည့် ခေါင်းစဉ်အမျိုးအစား ခုနှစ်မျိုးမှ မေးခွန်းပေါင်း နှစ်ထောင်ကျော်ကို လေ့လာကျက်မှတ်ပြီး ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုယှဉ်ပြိုင်ရခြင်း ဖြစ်ပြီး စာစစ်ဌာနအလိုက် အောင်စာရင်းများကို ဗဟိုအတည်ပြုစနစ်ဖြင့် ထုတ်ပြန်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးကိုယ်စားပြုဆင့် ဂုဏ်ထူး၊ ရိုးရိုး၊ ဗဟိုဆင့် ဗုဒ္ဓဝံသဝိသာရဒ (၂၆) ဦး၊ နော က်ဆုံးဆင့် ပထမဆုရှင်နှင့် ဗုဒ္ဓဝံသဗဟုသုတဓရ တစ်ဦးတို့အား ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြော င်း သိရသည်။

ဧကာဒသမအကြိမ်
ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့ရရှိကြသည့်အလယ်တန်းဆင့် ကျောင်းသား/သူများအားတွေ့ရစဥ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့် ရုရှား စတင်

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလျံတန်ဖိုးရှိ သောရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို စတင်ရန် သဘောတူခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှား-အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းတည်ထောင်းခြင်း သဘောတူညီချက်ကို အင်ဒိုနီးရှားအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ Danantara နှင့် ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ပူးတွဲဆန်းသစ်တီထွင်မှုနှင့် စွမ်းဆောင်ရည် တည်ဆောက်မှုတို့ကို မောင်းနှင်ခြင်းဖြင့် စက်မှုလုပ်ငန်းဆိုင်ရာ...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့် စက်သုံးဆီ ဖူလုံမှုရှိဟုဆို

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် သက်သာလျော့နည်းပြီး ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် (၁၀ဝ) မှ ကျပ် (၁၅၀)ခန့်အထိ သက်သာလျော့နည်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကြိုတင်မှာယူထားသည့်အစီအစဉ်အတိုင်း ပြည်ပမှစက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ၍ ပြည်တွင်း၌ စက်သုံးဆီ...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071