ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြို့တွင်းပိတ်မိနေသူများရှိနေကြောင်းနှင့် အစားအသောက် ရှားပါးလာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
“တစ်မြို့လုံး ပိတ်မိနေလို့အစားအသောက်ခက်ခဲ ရှားပါးလာပါတယ်”ဟု ၎င်းက ဆိုသည်။
ဧပြီလ (၁၅) ရက်၌ စတင်ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့အနီး တစ်ကျော့ပြန်တိုက်ပွဲများကြောင့် အနီးပတ်ဝန်ကျင်ကျေးရွာဒေသခံ ထွက်ပြေးတိမ်းရှောင်နေရသည့်အခြေအနေမျိုးလည်းကြုံတွေ့နေရသည်။
ဓာတ်ပုံ – ယနေ့ ဧပြီ (၂၁)ရက် နံနက်ပိုင်း ကော့ကရိတ်မြို့မြင်ကွင်း ပုံရိပ်အချို့
(Photo – Saw Chaint Phaung)