Wednesday, December 17, 2025

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်)...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း...

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်...

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...
HomePopular Academy2017 Academyတစ်သက်တာရုပ်ရှင်ဂုဏ်ထူးဆောင်ဆု၊ အကယ်ဒမီဆုရွေးချယ်ရေး၊ အကယ်ဒမီဖိတ်စာ...

တစ်သက်တာရုပ်ရှင်ဂုဏ်ထူးဆောင်ဆု၊ အကယ်ဒမီဆုရွေးချယ်ရေး၊ အကယ်ဒမီဖိတ်စာ အကြောင်းအရာတွေနဲ့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် တွေ့ဆုံခြင်း

ဦးဇင်ဝိုင်းတို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်တွေအနေနဲ့ အကယ်ဒမီဆုပေးပွဲအပေါ် ဘယ်လောက် အထိ စိတ်နှစ်ပြီး တာဝန်ယူဆောင်ရွက်နေကြလဲ၊ ကြုံလာရမယ့်ပြဿနာတွေကို သူတို့တွေဘယ်လိုကိုင်တွယ် ဖြေရှင်းကြ မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ဘာလို့လဲဆိုတော့ အကယ်ဒမီပေးပွဲဆိုတာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကြည့်ရှုအားပေးကြတဲ့ စူပါ့စူပါ အနုပညာရှင်၊ အတတ်ပညာရှင်တို့ တက်ရောက်ကြတဲ့ပွဲဖြစ်နေတဲ့ အတွက် ကြောင့်ပါ။ ၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ဦးဇင်ဝိုင်း ဘာတွေပြောထားသလဲဆိုတာကို တော့ အင်တာဗျူးမှာ ဖတ်ရှုပေးကြပါဦး။

၂ဝ၁၇ ခုနှစ်အတွက် ချီးမြှင့်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ဆုရွေးချယ်ရေး၊ ကျင်းပမယ့်အချိန်၊ ကျင်းပ မယ့်နေရာ၊ စပွန်ဆာပေးမယ့် ကုမ္ပဏီစသဖြင့် ဦးဌေးအနေနဲ့ ဖြေကြားလို့ရနိုင်မယ့်အနေအထားလောက်အထိ ဖြေကြားပေး စေချင်ပါတယ်။

အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ ဒီနှစ်မှာ အရင်နှစ်များအတိုင်းပဲ စည်စည်ကားကားကျင်းပနိုင်ဖို့အတွက်ကို ဆောင် ရွက်နေပါတယ်။ အခမ်းအနားကျင်းပဖို့အတွက်ကတော့ ကျွန်တော်တို့အဓိကMain Sponsor ဖြစ်တဲ့ အဖွဲ့အစည်း ၂ ခုကို ကျွန်တော်တို့က သူတို့တင်ပြလာတဲ့အတိုင်း သူတို့ရဲ့ Main Sponsor အရပံ့ပိုးကူညီမယ့် အိတ်ဖွင့်တင်ဒါကို အများပြည်သူရှေ့မှာ ဖွင့်ဖောက်ရွေးချယ်ခဲ့ကြပါတယ်။ ကော်မတီလည်း ဖွဲ့ထားပေးခဲ့ပါတယ်။ အိတ်ဖွင့်တင်ဒါစိစစ်ရွေး ချယ်ရေးကော်မတီပေါ့နော်။ အဲဒီမှာဖော်အဲဗားနဲ့ ဆက်စပ်ကုမ္ပဏီများဂရု(ဖ်)ကအောင်မြင်ခဲ့ပါတယ်။ ဒါကိုတော့ တစ်ဖက်မှာ အခမ်းအနားကျင်းပနိုင်ရေးအတွက်ကို ပြင်ဆင်မှုတွေလုပ်နေပါပြီ။ အခမ်းအနားကို ကျင်းပနိုင်ဖို့ အတွက်ကိုတော့ မတ်လ ၂၃ ရက်နေ့လို့ ရည်မှန်းထားပါတယ်။ ကျင်းပမယ့်နေရာကတော့ မင်းဓမ္မလမ်းမှာရှိနေတဲ့ အဆောက်အအုံမှာကျင်းပမှာဖြစ်ပါတယ်။ ဆုများစိစစ်ရွေးချယ်ခြင်းကိုတော့ ကျွန်တော်တို့က ဒီဇင်ဘာလကုန် လောက်စတင်ပြီး အဖွဲ့အစည်းများဖွဲ့စည်းပေးခဲ့ပါတယ်။ မိမိတို့သက်ဆိုင်ရာအလိုက် အလွှာတွေကနေ ရွေးချယ်ပြီးတော့ ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းတာကတော့ ကိုယ်စားလှယ် ၃၅ ဦး၊ အတွင်းရေးမှူးအနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ ကို ကျွန်တော်တို့က ထည့်ပေးထားပါတယ်။ သူ့အနေနဲ့ကတော့ အုပ်ချုပ်မှုများ၊ ထောက်ပံ့မှုများ၊ စီမံခန့်ခွဲမှုများအတွက်ကို ဆောင်ရွက်ပေးဖို့ပါ။ ကျန်တာကိုတော့ ဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီ ၃၅ ဦးကနေပြီးတော့ လွတ်လပ်စွာ စိစစ်ရွေးချယ်ကြမှာဖြစ်ပါတယ်။ ရွေးချယ်စိစစ်တဲ့ စည်းမျဉ်း၊ စည်းကမ်းများကတော့ ယခင်၊ ယခင်နှစ်များက ကျင်းပခဲ့တဲ့၊ စိစစ်ခဲ့တဲ့ စည်းမျဉ်း၊ စည်းကမ်းများ ပုံသဏ္ဌာန်နဲ့ပဲ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အမှုဆောင်အဖွဲ့သစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ ဒီစည်းမျဉ်း၊ စည်းကမ်းများကို ပြုပြင်နိုင်ဖို့ဆိုတာ အချိန်လည်း မရခဲ့ပါဘူး။ ဒါ့အတွက်ကို ဒီ ၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကို မူလရှိရင်းစွဲ စည်းမျဉ်း၊ စည်းကမ်းများနဲ့ပဲ ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ အကယ်ဒမီနဲ့ပတ်သက်လို့ စည်းမျဉ်း၊ စည်းကမ်းများကို ပြုပြင်ဖို့ ဆန္ဒရှိကြတဲ့လောကသားများရဲ့ အကြံပြုချက်များကိုလည်း ကျွန်တော်တို့က ရုပ်ရှင်ညီလာခံမှာ မှတ်တမ်းမှတ်ရာအနေနဲ့ ရယူထားပါတယ်။ အဲဒါကိုတော့ ၂ဝ၁၈ခုနှစ်အတွင်းမှာ ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူကျင်းပပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေး ဒါကို ဆွေးနွေးကြဖို့ရည်မှန်းထားပါတယ်။

အကယ်ဒမီဆုနဲ့ ပတ်သက်လို့ အရင်နှစ်တွေနဲ့ ဒီနှစ်ဘာတွေကွာခြားသွားပါမလဲ။ ထူးခြားမှုတွေရှိပါသလား။

ဒီနှစ်အတွက်ထူးခြားမှုလေးတွေ အနေနဲ့ကတော့ နှစ်စဉ်ကျင်းပနေမြဲ၊ ချီးမြှင့်နေမြဲဖြစ်တဲ့ ရွှေစင်ရွှေသားကြယ် ၂ကျပ်သားကို ကျွန်တော်တို့က ၅ ကျပ်သားအထိ တိုးမြှင့်ပြီးချီးမြှင့်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကျွန်တော်တို့ မချီးမြှင့်နိုင်ခဲ့တဲ့ ကျွန်တော်တို့ ၂ဝ၁၂ခုနှစ် ကျွန်တော်တာဝန်ယူစဉ်ကာလမှာ မြန်မာ့ရုပ်ရှင်နေ့မှာတော့ ချီးမြှင့်ခဲ့တာရှိပါတယ်။ တစ်သက်တာရုပ်ရှင်ဂုဏ်ဆောင်ဆုဆိုတဲ့ဟာကို အကယ်ဒမီနေ့မျိုးမှာတော့ မချီးမြှင့်နိုင်ခဲ့ပါဘူး။ ဒါကိုလည်း ဒီနှစ်မှာ တစ်သက်တာရုပ်ရှင်ဂုဏ်ထူးဆောင်ဆုဆိုတဲ့ဆုတစ်ဆုကို တီထွင်ဖန်တီးပြီးတော့မှ ချီးမြှင့်ဖို့ရှိပါတယ်။ ဒါကလည်း ကျွန်တော်တို့ ရုပ်ရှင်လောကရဲ့ တကယ့်ကို သက်ကြီး၊ ဝါကြီး၊ ရုပ်ရှင်လောကအတွက် ဘဝတစ်သက်တာလုံး နှစ်မြုပ်ပြီး တော့မှ ရုပ်ရှင်လောကအတွက်ကောင်းရာကောင်းကျိုး လုပ်ဆောင်ခဲ့တဲ့လူတွေထဲကနေပြီးတော့မှ ရွေးချယ်ပြီးချီးမြှင့်သွားမှာပါ။ ဒီဆုကတော့ အကယ်ဒမီဆုလိုပဲ ရွှေစင်ရွှေသား ၅ ကျပ်သားလည်းပါရှိမယ်။ ဒါ့အပြင် အဲဒီဆုချီးမြှင့်ခံရမယ့် ပုဂ္ဂိုလ်အတွက် သက်ရှိထင်ရှားရှိစဉ်ကာလ တစ်လျှောက်လုံးမှာ တစ်သက်တာကို လစဉ် ကျပ် ၅ သိန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ အဲဒီဆုက အကယ်ဒမီဆု နဲ့ မတူပါဘူး။ ချီးမြှင့်မယ့် ၁၁ ဆုသော ဆုများကတော့ ရုပ်ရှင်ထူးချွန်ဆု ဖြစ်ပါတယ်။ အခုချီးမြှင့်မယ့် သီးသန့်ဆုတစ်ဆုကတော့ တစ်သက်တာ ရုပ်ရှင်ဂုဏ်ဆောင်ဆုဆိုပြီး ချီးမြှင့်မှာဖြစ်ပါတယ်။ ဒါကတော့ ဒီနှစ်မှာ ကျွန်တော်တို့ လျာထားပြီးကြိုးစားနေတဲ့ ကိစ္စဖြစ်ပါတယ်။

အကယ်ဒမီဆုရွေးချယ်ရေးနဲ့ ပတ်သက်လို့ နှစ်တိုင်းပွဲပြီးတဲ့အခါ သူမရလို့၊ ငါမရ လို့ ဆိုတဲ့ ဝေဖန်မှုဂယက်လေးတွေရှိတတ်တယ်။ ဒီနှစ်မှာ ဇာတ်ကားပေါင်း ၅၃ ကား အထိများလာတဲ့အချက်ကလည်း ရှိနေတော့ အဲဒီအပေါ် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဦးဌေး ဘာများမှတ်ချက်ပြုချင်ပါ သလဲ။

ဆုရွေးချယ်ရေးအပိုင်းမှာတော့ ကျွန်တော်တို့ဆီမှာ လက် ရှိလုပ်နိုင်ကိုင်နိုင် အခြေအနေအရ အကောင်းဆုံးဖြစ်အောင်၊ သမာသမတ်အကျဆုံးဖြစ်အောင်လို့ ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီဆုကို ချီးမြှင့်တယ်ဆိုတဲ့အခါ မှာ ကျွန်တော်တို့က အပြိုင်အဆိုင်တွေကလည်းများပါတယ်။ အရင်နှစ်တွေနဲ့ မတူဘဲ တစ်နှစ်ထက်တစ်နှစ် မြန်မာ့ရုပ်ရှင်က တိုးတက်လာတယ်လို့ဆိုရမှာပါ။ ကျွန်တော်တို့တွေ ကြိုးစား အားထုတ်မှုကြောင့် မြန်မာ့ရုပ်ရှင်လောကဟာ ဘာပဲပြော ပြော တစ်နှစ်ထက်တစ်နှစ် ဇာတ်ကားတွေထွက်ရှိမှု အရေ အတွက်ကလည်း များပြားလာတယ်။ ဒါ့အပြင် အရည် အသွေးကောင်းမွန်တဲ့ ဇာတ်ကားတွေ တိုးတက်မြင့်မား လာတယ်ဆိုတာကတော့ ကျွန်တော်တို့ ကိန်းဂဏန်း တွေအရ၊ မျက်မြင်အခြေအနေတွေအရ၊ ပရိသတ်ရဲ့ အကဲခတ်မှုအရ ငြင်းပယ်လို့တော့ မရပါဘူး။ ဒါက ကျွန်တော်တို့ ကြိုးစားနေမှုပါ။ အဲဒီတော့ အခက် အခဲဖြစ်နေတာက ကျွန်တော်တို့ အပြိုင်အဆိုင်တွေ၊ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေများပြားလာတဲ့အခါမှာ ရွေးချယ် ရတဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ တစ်ဦး တစ်ယောက်ကို ချီးမြှင့်လိုက်ပြီဆိုရင် ကျန်တဲ့ချီးမြှင့် ခြင်းမခံရတဲ့ပုဂ္ဂိုလ်ရဲ့ ပရိသတ်များ၊ အဖွဲ့အစည်းများ ကနေပြီးတော့ ဝေဖန်တာ၊ ကဲ့ရဲ့တာဆိုတာတော့ ရှိမှာပါ။ ရှိနေတဲ့ စည်းမျဉ်း၊ စည်းကမ်းမူအတိုင်း အကောင်းဆုံးချီးမြှင့်သွားဖို့ပဲ ဖြစ်ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071