ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ရန်ကင်းစံရာ ရွာ၌ ယမန်နေ့မေလ(၂၄)ရက် ညက မြစ်ကမ်းပါးပြိုကျကာ အိမ်ခြေ (၁၈) လုံး ရေထဲ မျောပါသွားသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ညသန်းခေါင်ကြီး ဖြစ်သွားတာ၊ ဘာပစ္စည်းမှ မရလိုက်ဘူး၊ လူတောင် ကံကောင်းတာ” ဟု ကြုံခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် ကမ်းပါးထပ်ပြိုကျမည်ကို စိုးရိမ်ရသည့်အတွက်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်လည်း (၃၅) လုံးခန့်ရှိကြောင်း သိရသည်။
လက်ရှိတွင် လူဦးရေ (၁၃၅)ဦးစာအတွက် စောင်ခြင်ထောင် ခေါင်းအုံးနှင့် အရေးပေါ် အကူအညီလိုအပ်လျက်ရှိ ကြော င်းလည်း ကူညီပေးနေသူများထံမှ သိရသည်။