Tuesday, February 3, 2026

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ...

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်...

မြန်မာ့အရေးဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုင်း ‘အသင့်ဖြစ်နေ’

ဖေဖေါ်ဝါရီ ၃ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်းကက်‌ကောင်းက...

နှစ်ကူးကာလ၌ တရုတ်တွင် ကမ္ဘာတစ်ဝန်းမှခရီးသွားအများအပြားလာ

         တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက်...

တရုတ်ထိပ်တန်းသုတေသနပညာရှင် အမေရိကမှ တရုတ်သို့ပြန်လာ

ဖေဖေါ်ဝါရီ ၂ အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မျိုးဗီဇထိန်းညှိမှုဆိုင်ရာ ထိပ်တန်းသုတေသနပညာရှင် ဂေါင်ကျန့်ဟွာ သည် တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ အသစ်တည်ထောင်ထားသော တက္ကသိုလ်တစ်ခုသို့...
HomeNewsLocal Newsညီမျှပြီးစနစ်ကျသောနိုင်ငံအများစုစိုးမိုးသောကမ္ဘာဖြစ်စေရမည်--ရှီ

ညီမျှပြီးစနစ်ကျသောနိုင်ငံအများစုစိုးမိုးသောကမ္ဘာဖြစ်စေရမည်–ရှီ

တရုတ်နှင့်ဥရူဂွိုင်းတို့သည် တန်းတူညီမျှပြီး စနစ်တကျရှိသော နိုင်ငံအများစုက ကြီးစိုးသည့်ကမ္ဘာဖြစ်‌စေ ရေးကို ရှေ့တိုး ဆောင်ရွက်ရန် အတူတကွလုပ်ဆောင်သင့်ကြောင်း အင်္ဂါနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဥရူဂွိုင်းသမ္မတ ယာမန်ဒူ အော်စီကို ပြောဆိုခဲ့ကြောင်း မီဒီယာသတင်းတစ်ခုအရ သိရသည်။

အော်စီ၏ ခရီးစဉ်သည် ဇန်နဝါရီလအတွင်းက ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်ပြည်ထောင်စုက ကျူးကျော်ဝင်ရောက်ကာ ထိုစဉ်က သမ္မတ နစ်ကလပ်စ်မာဒူရိုကို စီးနင်းဖမ်းဆီးသွားခဲ့ပြီးနောက်ပိုင်း တောင်အမေရိကဒေသခေါင်းဆောင်တစ်ဦးက တရုတ်နိုင်ငံမြို့တော်သို့ ပထမဆုံးလာရောက် သောခရီးစဉ်ဖြစ်သည်။

လူသားများအတွက် ဘုံအနာဂတ်ရှိသော အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ကာ တရုတ်နှင့် ဥရူဂွိုင်းတို့သည် တန်းတူညီမျှပြီး စနစ်တကျရှိသော နိုင်ငံ အများစုက စိုးမိုးသော ကမ္ဘာနှင့် အားလုံးပါဝင်ပြီး တကမ္ဘာလုံးကိုအကျိုးဖြစ်စေသော ကမ္ဘာ တစ်ဝန်း စီးပွားရေး ဆက်စပ်ပေါင်းစည်း ဆောင်ရွက် သော လ်ုငန်းစဉ် ကို မြှင့်တင်ရန် အတူတကွလုပ်ဆောင်သင့်ကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာမှ အစပြု၍ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနှင့် ဖင်လန်ဝန်ကြီးချုပ် ပက်တာရီ အော်ပို အထိ တိုင် ယခုနှစ်အတွင်း အနောက်နိုင်ငံ များမှ ခေါင်းဆောင်များက တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုများပြားနေသည့်အချိန်တွင် ယခုတွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

သူ၏ ခရီးစဉ်နှင့် ပတ်သက်၍ တနင်္ဂနွေနေ့တွင် အော်စီက ဖေ့စ်ဘုတ်ပေါ်၌ မှတ်ချက်ပြုရေးသားခဲ့ရာတွင် ကမ္ဘာတွင် ဥရူဂွိုင်း နိုင်ငံကို ခိုက်မာအားကောင်းစေရန်နှင့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ရရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများအပါအဝင် အဖွဲ့ဝင် ၁၅၀ ပါသော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ဖေဖော်ဝါရီလ ၇ ရက် နေ့အထိ အလည်အပတ်ရောက်ရှိနေမည်ဖြစ်ကာ စီးပွားရေးမြို့တော် ရှန်ဟိုင်းကိုလည်း သွားရောက်မည်ဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအားအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကာ သမိုင်းကြောင်းအရ နိုင်ငံ့ဝန်ထမ်းအချို့၏ စီးပွားရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ မသမာမှုများဆောင်ရွက်ခဲ့ကြခြင်းသည် တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။ ထို့ပြင် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဋ္ဌာန်းထားပြီးဖြစ်ကာ ပုလဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲများနှင့် နိုင်ငံ့ဝန်ထမ်းဆောင်ရွက်ပါက Good Governance ၊Good Goverment မဖြစ်နိုင်ကြောင်း ၊နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့်...

မြန်မာ့အရေးဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုင်း ‘အသင့်ဖြစ်နေ’

ဖေဖေါ်ဝါရီ ၃ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်းကက်‌ကောင်းက မနေ့က နိုင်ငံတော်လုံခြုံရေးကောင်စီ (အန်အက်စ်စီ) အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများအပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို သုံးသပ်ရန်နှင့် မြန်မာအစိုးရအာဏာပိုင်များအပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများနှင့် နှစ်နိုင်ငံမျှဝေသုံးစွဲနေသည့် မြစ်ကြောင်းစနစ်များကို...

နှစ်ကူးကာလ၌ တရုတ်တွင် ကမ္ဘာတစ်ဝန်းမှခရီးသွားအများအပြားလာ

         တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက် နေ့တွင် ခရီးသွားကာလ သည် စတင်ခဲ့ပြီဖြစ်သည်။       တရုတ်ရာသီခွင်တွင် ယခု နှစ်သစ်ကူးသည်မြင်းနှစ်ကျရောက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက် နေ့ သည် နှစ်သစ်ကူး ကျရောက်ပြီး တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ကိုးရက်ကြာ ရက်ရှည်အားလပ်ရက်တစ်ခုရှိလာမည်ဖြစ်သည်။       တရုတ်စားသုံးသူများစွာသည် တိုင်းပြည်၏ မရေရာသော စီးပွားရေးကြောင့် ငွေသုံးစွဲခြင်းထက် ငွေစုခြင်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071