Sunday, December 28, 2025

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများဆန္ဒမဲပေး

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပသည့် ရွေးကောက်ပွဲအား မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက သတ်မှတ်မဲရုံအသီးသီးတွင် ဆန္ဒမဲများပေးခဲ့ကြသည်။ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ (အနောက်) ရပ်ကွက်ရှိ...

မုံရွာမြို့သတ်မှတ်မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၂၈) ရက်၊...
HomeNewsLocal Newsညနေ (၄) နာရီ...

ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်များကျန်ရှိနေပါက မဲပေးခွင့်ပြုသွားမည်ဟုဆို

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းမှစတင်ကျင်းပပြုလုပ်လျက်ရှိရာ၊ ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်များကျန်ရှိနေပါက မဲပေးခွင့်ပြုသွားမည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ မဲရုံပေါင်း (၃၃၅) ရုံ ဖွင့်လှစ်ထားရာ အသက် (၁၈) နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူ (၅၉၄,၅၅၀) ဦး မဲဆန္ဒပေးခွင့်ရှိကြောင်းဆိုသည်။

ယနေ့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေစက် (MEVM) ဖြင့် ဆန္ဒမဲလာရောက်ပေးနေကြသည်ကိုလည်းတွေ့မြင်ရသည်။

မွန်ပြည်နယ် မြို့နယ်ငါးမြို့နယ်၌ နိုင်ငံရေးပါတီများဖြစ်သည့် ပအို့ဝ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က လွှတ်တော် (၃) ရပ် အတွက် ဝင်ရောက်ယှဉ်ပြိုင်နေသည်။

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် (၅) မြို့နယ်ဖြစ်သည့်ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့တွင် ကျင်းပနေခြင်းဖြစ်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် (၁၀၂) မြို့နယ်၌ ဒီဇင်ဘာ (၂၈) ရက်တွင်စတင် ကျင်းပနေပြီး အပိုင်း (၂)ကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်၌ မြို့ နယ် (၁၀၀) တွင် ကျင်းပမည်ဖြစ်သည်။

ရွေကောက်ပွဲအပိုင်း (၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်၌ မြို့နယ်ပေါင်း (၆၃) မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများဆန္ဒမဲပေး

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပသည့် ရွေးကောက်ပွဲအား မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက သတ်မှတ်မဲရုံအသီးသီးတွင် ဆန္ဒမဲများပေးခဲ့ကြသည်။ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ (အနောက်) ရပ်ကွက်ရှိ မဲရုံအမှတ် (၁) ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးသည် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဲရုံအမှတ် (၇) ၊ မြို့တော်ဝန်ဦးကျော်ဆန်းသည် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ မဲရုံအမှတ် (၃) တို့၌ မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ဆန္ဒမဲများပေးခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်ဇနီးသည် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ မဲရုံအမှတ် (၂)...

မုံရွာမြို့သတ်မှတ်မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၂၈) ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) သို့ လာရောက်ကာ သတ်မှတ်မဲရုံများတွင် နန္ဒဝန်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုများနှင့် မဲဆန္ဒရှင်ပြည်သူများအား သောက်သုံးရေများနှင့် အချိုရေများ ဝေငှပေးနေမှုကို ကြည့်ရှုခဲ့သည်။ ထို့ပြင် မုံရွာမြို့၊ ပြည်သူ့ကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမရှိ သတ်မှတ်မဲရုံများတွင် ရုံးကြီးရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုများအား လည်းကောင်း လိုက်လံကြည့်ရှုခဲ့ကြပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071