Friday, December 5, 2025

အိန္ဒိယရောက် မြန်မာများ ကြိုတင်မဲများ လာရောက်ပေးနေပြီဖြစ်

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် မဲရုံဖွင့်လှစ်ဆောင်ရွက်နေပြီး လာရောက် ဆန္ဒမဲပေးမှုများ လုပ်ဆောင်နေပြီးဖြစ်ကြောင်း...

လုံခြုံရေးအရ အမေရိကန်တွင် အလုပ်လုပ်ခွင့်သက်တမ်းကို ၅...

အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု(USCIS) ဟာ အမေရိကန်မှာ အလုပ်လုပ်ခွင့်ပြုလက်မှတ် (Employment Authorization Documents – EADs) ရဲ့ သက်တမ်းကို ၅...

အင်တာနက်ဝန်ဆောင်မှုများ ဒီဇင်ဘာလကုန် ဝန်းကျင်တွင် မူလအခြေအနေသို့...

အင်တာနက်ဝန်ဆောင်မှုများရရှိရန် နိုင်ငံတကာသို့ ချိတ်ဆက်ထားသည့်ဆက်ကြောင်းများအနက် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်းသည် နိုဝင်ဘာ(၁)ရက်နေ့က ချို့ယွင်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့်...

ပြည်တွင်းထုတ် ဓာတ်ဆီအမျိုးမျိုးအား ယခင်ရောင်းချနေသည့် ဈေးနှုန်းများထက်...

စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း၌ ကိုယ်တိုင်ချက်လုပ်သည့် Ron 68 ဓာတ်ဆီများကို ယခင်က ပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့်...
HomeNewsLocal Newsဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့်...

ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူကို ယမန်နေ့ ညပိုင်းက ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းထွက်ပြေးတိမ်းရှောင်သူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယမန်နေ့ ည၉နာရီအချိန်တွင် ကြာအင်းဆိပ်ကြီးမြို့အနီး ဖမ်းဆီးရမိကာ ထိန်းသိမ်းထားရှိသည်ဟု ဆိုသည်။

“ ထုံးအိုင်နယ်မြေရဲစခန်းကို လွဲပေးမယ်လို့ ကြားတယ်။ ထုံးအိုင်နယ်မြေ ရဲစခန်းကလည်း ပုဒ်မ ၃၀၂ နဲ့ အမှု ဖွင့်ထားပါတယ်။” ဟုဆိုသည်။

ဖမ်းဆီးရမိသူမှာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ၊ နွားခြံကုန်းကျေးရွာနေ ဒယ်ကလစ်ဆိုသူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော မတ် ၃၀ ရက်၌ သေဆုံးသူ တက္ကသိုလ်ကျောင်းသူ မဇာခြည်လှိုင်မှာ ဇွဲကပင်တောင်ပေါ်သို့ တက်ရာမှ ပြန်ဆင်းလာခြင်းမရှိဘဲ နှစ်ရက်နီးပါးကြာ
ပျောက်ဆုံးနေရာမှ ဧပြီ ၁ ရက် နံနက် ၈နာရီခွဲ အချိန်ခန့်တွင် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယရောက် မြန်မာများ ကြိုတင်မဲများ လာရောက်ပေးနေပြီဖြစ်

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် မဲရုံဖွင့်လှစ်ဆောင်ရွက်နေပြီး လာရောက် ဆန္ဒမဲပေးမှုများ လုပ်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။ နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ယမန်နေ့ ဒီဇင်ဘာ(၄)ရက်ကစတင်ပြီး ကြိုတင်မဲပေးခြင်းဆောင်ရွက်နေပြီးဖြစ်ပြီး ဒီဇင်ဘာ(၆)ရက်နေ့ထိ မဲပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး သံရုံးဝန်ထမ်းများမှ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လာမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံများသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခြင်းကို...

လုံခြုံရေးအရ အမေရိကန်တွင် အလုပ်လုပ်ခွင့်သက်တမ်းကို ၅ နှစ်မှ ၁၈ လသို့ USCIS မှ လျှော့ချ

အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု(USCIS) ဟာ အမေရိကန်မှာ အလုပ်လုပ်ခွင့်ပြုလက်မှတ် (Employment Authorization Documents – EADs) ရဲ့ သက်တမ်းကို ၅ နှစ်ကနေ ၁၈ လ အထိ သိသိသာသာ လျှော့ချလိုက်ပါပြီ။ USCISက ကြာသပတေးနေ့မှာ ကြေညာခဲ့တာကတော့၊ အလုပ်လုပ်ခွင့်သက်တမ်းကို လျှော့ချလိုက်ခြင်းအားဖြင့် အမေရိကန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံသားမဟုတ်သူတွေကို ပိုပြီး မကြာခဏ နောက်ခံစစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ လိမ်လည်မှု၊ လုံခြုံရေးခြိမ်းခြောက်မှုတွေကို စစ်ဆေးနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့သူတွေကို ဖယ်ရှားနိုင်ဖို့ အထောက်အကူပြုမယ်လို့ တာဝန်ရှိသူတွေက...

အင်တာနက်ဝန်ဆောင်မှုများ ဒီဇင်ဘာလကုန် ဝန်းကျင်တွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမည်

အင်တာနက်ဝန်ဆောင်မှုများရရှိရန် နိုင်ငံတကာသို့ ချိတ်ဆက်ထားသည့်ဆက်ကြောင်းများအနက် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်းသည် နိုဝင်ဘာ(၁)ရက်နေ့က ချို့ယွင်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှု ရယူအသုံးပြုထားသည့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် Internet Service Provider (ISP)များ၏ အင်တာနက်ဝန်ဆောင်မှုများ နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်နေစဉ် အင်တာနက်ဝန်ဆောင်မှုများ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းများ ထပ်မံတိုးမြှင့်ချိတ်ဆက် အသုံးပြုထားသည့်အတွက် အင်တာနက်ဝန်ဆောင်မှုများ အထိုက်အလျောက်ပြန်လည်ကောင်းမွန်နေခြင်းလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071