Monday, August 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...
HomeNewsLocal Newsဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)၌ ကိုဗစ် (၁၉)ရောဂါပိုးတွေ့ရှိသူ...

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)၌ ကိုဗစ် (၁၉)ရောဂါပိုးတွေ့ရှိသူ ၄၀ ခန့်ရှိ

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)၌ ကိုဗစ် (၁၉)ရောဂါပိုးတွေ့ရှိသူ ၄၀ ခန့်ရှိ

ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူ ၄၀ ဦးခန့်ရှိ၍ ပိုးတွေ့ရှိသူများအား Quarantine Centre များသို့ပို့ ဆောင်ကုသမှုများပေးနေသည်ဟု ယင်းဆေးရုံကြီးမှသိရသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီးရှိ ဝန်ထမ်းများနှင့်ဆေးကုသမှုခံယူနေသည့် သံဃာတော်အချို့၌ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ သုံးရက်လောက်မှာ မြို့နယ်ကျန်းမာရေးဌာနက လာစစ်တဲ့အချိန်မှာတွေ့တာ ဒီနေ့ကတော့ ဆေးရုံကြီးအတွင်းအပြင်အကုန်လုံးကို မြို့နယ်ကျန်းမာရေးဌာနက ပိုးသတ်ဆေးဖျန်းပေးနေတယ်”ဟုဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှဝန်ထမ်းတစ်ဦးကပြောသည်။

ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏ အဝင်အထွက်အား ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်၍ Lockdown ချထားသည်ဟု ဆေးရုံကြီးအနီးနေသူများထံမှသိရသည်။

“ပိုးတွေ့ခဲ့တဲ့ ဝန်ထမ်းတွေနဲ့သံဃာတော်တွေကိုတော့ မြို့နယ်ကျန်းမာရေးဌာနအစီအစဥ်နဲ့ Quarantine Centre တွေကိုပို့ပြီးလိုအပ်တဲ့ကျန်း မာရေးစောင့်ရှောက်မှုတွေလုပ်ပေးနေပါတယ်”ဟုအဆိုပါဝန်ထမ်းကပြောသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)သည် ဂီလာနသံဃာတော်များ၊သီလရှင်များနှင့်ပြင်ပလူနာများအား အထွေထွေရောဂါများကုသပေးလျက်ရှိကာ မျက်စိကုဌာန၊ ခွဲစိတ်ကုဌာနနှင့်ပြင်ပလူနာဌာနများအား ကိုဗစ်(၁၉)ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယာယီရပ်နားထားခဲ့ပြီး အဆိုပါ ဌာနများအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်မှာရက်ပိုင်းမျှသာရှိသေးသည်ဟု သိရသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)တွင် သံဃာ တော် ၂၀ ပါးနှင့်သီလရှင် ၇ ပါးတို့တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည်ကာ ဆေးရုံဝန် ထမ်းပေါင်း ၁၀၀ ဦးခန့်ရှိသည်ဟု သိရသည်။

Zaw Gyi

ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး(ရန္ကုန္)၌ ကိုဗစ္ (၁၉)ေရာဂါပိုးေတြ႕ရွိသူ ၄၀ ခန္႔ရွိ

ရန္ကုန္ၿမိဳ႕၊ဗဟန္းၿမိဳ႕နယ္၊ကိုယ့္မင္းကိုယ့္ခ်င္းလမ္းရွိ ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး(ရန္ကုန္)တြင္ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိသူ ၄၀ ဦးခန္႔ရွိ၍ ပိုးေတြ႕ရွိသူမ်ားအား Quarantine Centre မ်ားသို႔ပို႔ ေဆာင္ကုသမႈမ်ားေပးေနသည္ဟု ယင္းေဆး႐ုံႀကီးမွသိရသည္။

ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီးရွိ ဝန္ထမ္းမ်ားႏွင့္ေဆးကုသမႈခံယူေနသည့္ သံဃာေတာ္အခ်ိဳ႕၌ ပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

“ၿပီးခဲ့တဲ့ သုံးရက္ေလာက္မွာ ၿမိဳ႕နယ္က်န္းမာေရးဌာနက လာစစ္တဲ့အခ်ိန္မွာေတြ႕တာ ဒီေန႔ကေတာ့ ေဆး႐ုံႀကီးအတြင္းအျပင္အကုန္လုံးကို ၿမိဳ႕နယ္က်န္းမာေရးဌာနက ပိုးသတ္ေဆးဖ်န္းေပးေနတယ္”ဟုဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီးမွဝန္ထမ္းတစ္ဦးကေျပာသည္။

ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိခဲ့သျဖင့္ ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး၏ အဝင္အထြက္အား ေဖေဖာ္ဝါရီ ၅ ရက္ေန႔မွစတင္၍ Lockdown ခ်ထားသည္ဟု ေဆး႐ုံႀကီးအနီးေနသူမ်ားထံမွသိရသည္။

“ပိုးေတြ႕ခဲ့တဲ့ ဝန္ထမ္းေတြနဲ႔သံဃာေတာ္ေတြကိုေတာ့ ၿမိဳ႕နယ္က်န္းမာေရးဌာနအစီအစဥ္နဲ႔ Quarantine Centre ေတြကိုပို႔ၿပီးလိုအပ္တဲ့က်န္း မာေရးေစာင့္ေရွာက္မႈေတြလုပ္ေပးေနပါတယ္”ဟုအဆိုပါဝန္ထမ္းကေျပာသည္။

ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး(ရန္ကုန္)သည္ ဂီလာနသံဃာေတာ္မ်ား၊သီလရွင္မ်ားႏွင့္ျပင္ပလူနာမ်ားအား အေထြေထြေရာဂါမ်ားကုသေပးလ်က္ရွိကာ မ်က္စိကုဌာန၊ ခြဲစိတ္ကုဌာနႏွင့္ျပင္ပလူနာဌာနမ်ားအား ကိုဗစ္(၁၉)ေရာဂါစတင္ျဖစ္ပြားခ်ိန္မွစ၍ ယာယီရပ္နားထားခဲ့ၿပီး အဆိုပါ ဌာနမ်ားအား ျပန္လည္ဖြင့္လွစ္ေပးခဲ့သည္မွာရက္ပိုင္းမွ်သာရွိေသးသည္ဟု သိရသည္။

ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး(ရန္ကုန္)တြင္ သံဃာ ေတာ္ ၂၀ ပါးႏွင့္သီလရွင္ ၇ ပါးတို႔တက္ေရာက္ေဆးကုသမႈခံယူလ်က္ရွိသည္ကာ ေဆး႐ုံဝန္ ထမ္းေပါင္း ၁၀၀ ဦးခန္႔ရွိသည္ဟု သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071