Saturday, June 7, 2025

ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက်...

အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့်...

စစ်ကိုင်းမြို့ရှိ ငလျင်ထိစာသင် ကျောင်းဆောင် (၂)ဆောင်မြန်မာနိုင်ငံ...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဒီဇယ်) ကျောင်းခန်းမတွင် ဇွန်လ (၅)ရက်၊ မွန်းလွဲ (၁)နာရီခွဲက စာသင်ကျောင်းဆောင် (၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ ထည်ဖော်ရေးအတွက် ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီး မစ္စ...

(၁ဝ)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံလေတပ် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၀)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Chatrium Hotel ၌ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ တပ်မတော်(လေ)မှ...
HomeCelebrities' Newsဇာတ်ကား ရိုက်ကူးမယ် ဆိုရင်...

ဇာတ်ကား ရိုက်ကူးမယ် ဆိုရင် စိုင်းစိုင်းခမ်းလှိုင် ဘာကိုစဉ်းစားလဲ

Sai-Saiစိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ် ဆောင် ထားတဲ့ “ချိုမြိန်သော  လက်စားချေခြင်း” ရုပ်ရှင်ဇာတ်ကား ကြီးလည်း မကြာခင် ရုံတင်ပြသ တော့ မှာဖြစ်ပါတယ်။ ဒီဇာတ်ကား အပေါ် စိုင်းစိုင်း ခမ်းလှိုင်ရဲ့ ကျေနပ် အားရမှုကို မေးကြည့်တော့

“ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အတိုင်း ဇာတ်ကား ပီပီပြင်ပြင်လေး ထွက်လာတဲ့ အပေါ်မှာ အရမ်း ဝမ်းသာမိပါတယ်။ ကျေနပ် အားရမှုက ဘယ် အခန်းရယ်လို့တော့ မရှိပါဘူး။ တစ်ကားလုံးက ကိုယ် တိုင် ထုတ်လုပ်ထားရတာလည်း ဖြစ်ပါတယ်။ ဆရာ မီးပွားက ဒါရိုက်တာ အနေနဲ့ ရိုက်ကူးတယ်။ မခိုင်မာ ဝင်း က Produce အနေနဲ့ ထုတ်လုပ်တယ် ဆိုပေမယ့် လည်း Production မှာ ကျွန်တော်တို့ အစ ကနေ အဆုံးထိ ပါဝင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကြိုးစား အားထုတ်မှု အပေါ်မှာ နောက်ဆုံး ရလာတဲ့ result  လေး ကို ကြည် နူးပီတိဖြစ် မိပါတယ်”လို့ ပြောပါတယ်။

ဒီဇာတ်လမ်းလေးက သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းလေး ဖြစ်ပြီး ဇာတ် ကားထဲမှာ အဆိုတော်တစ် ယောက် အနေနဲ့ သရုပ်ဆောင် ထားပေမယ့် အပြင်က ကာရိုက်တာနဲ့တော့ မတူကြောင်း စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

“အပြင်ကစိုင်းစိုင်းက Rapper  တစ်ယောက်ဖြစ်တယ်။ Pop Star  တစ်ယောက်ပုံစံမျိုး ဖြစ်တယ်။ ဒီမှာက မအောင်မြင်ခင်မှာ အဆိုတော် ဖြစ်ဖို့ကြိုး စားနေတယ်။ ပြီးတော့ ကျွန်တော် အပြင်မှာဆိုတဲ့ စိုင်းစိုင်းနဲ့ ဒီမှာဆိုတဲ့ music  စတိုင်လည်း မတူဘူး။ အမူအရာ လည်း သိပ်မတူဘူး”လို့ ပြော ပါတယ်။

ဇာတ်ကား ရိုက်ကူး တော့ မယ်ဆိုရင် ဇာတ်လမ်းကို နံပါတ် တစ်အရင် စဉ်းစားတယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် က ကာရိုက် တာအများကြီး ထပ်လုပ် ကြည့်ချင်သေးကြောင်း ပြောပါ တယ်။

“ကာရိုက် တာက တော့ လူပေါင်း တစ် သိန်းရှိရင် ကာရိုက် တာပေါင်း တစ်သိန်း ကွဲ ပြားနေ မှာပဲ။ ကျွန် တော် က တော့ ဇာတ် လမ်း ကို နံပါတ်တစ် စဉ်းစားတယ်။ ဖြစ်နိုင်ရင် ကာရိုက်တာတွေ အများကြီး ထပ် လုပ် ကြည့်ချင်ပါသေးတယ်”လို့ ပြောပါတယ်။

သတင်း ၊ဓာတ်ပုံ-တွယ်တာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071