Friday, June 20, 2025

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား...

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့်...

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့...
HomeArticlesဇာတိမာန်မြေ ရှေးဟောင်း ပခန်းမြေ

ဇာတိမာန်မြေ ရှေးဟောင်း ပခန်းမြေ

အလောင်းစည်သူမင်းမြတ်၏ကောင်းမှုတော်သရက္ခန်ရုပ်ပွား တော်များ၏ သက်တော်သည် နှစ်ပေါင်း ၉ဝဝ ပြည့်မြောက်တော်မူပြီ ဖြစ်သောကြောင့် ပခန်းကြီးဆင်ကြို့ရွှေတန့်တစ်ရှင်မတောင်စသည့် သရက္ခန် ရုပ်ပွားတော်မြတ်နှစ် ၉ဝဝ ပြည့်ဗုဒ္ဓပူဇနိယပွဲတော်များဆင် ယင်ကျင်းပတော့မည်ဖြစ်ပါသည်။

သရက္ခန်ရုပ်ပွားတော်မြတ်နှင့် မြတ်ပေါင်းမဉ္စူမြတ်စွာကိန်းဝပ်ရာပခန်းကြီးမြို့ဟောင်းသည် လေ့လာစရာသမိုင်းအမွေအနှစ်များ စွာရှိပါသည်။ ပခန်းကြီးမြို့ဟောင်းသည် လေးရာပြုဆန်း-မြို့ကူးခန်း-ပခန်းခေါ်တစ်ထွေ-ဆိုသလိုရှေးမင်းများလက်ထက်က စစ်သည်ရဲမက် ၄ဝဝ စုဆောင်း ပေးရသောမြို့စား မင်းစိုးစံအုပ်ချုပ်ရသောမြို့ကြီး ဖြစ်ပေသည်။ ယခုခေတ်စည်ကားနေသော ပခုက္ကူမြို့သည်ကား ရွာ ငယ်သာသာဖြစ်သည်။ ပခန်းကြီးမြို့ဟောင်းသည် သာသနာသက္ကရာဇ် ၃၆ ကပင် ဓနုသီဟမင်းစိုးစံသောမြို့ ဟုသမိုင်းများက ဆိုပါသည်။ပုဂံခေတ်တွင် သိန်းခိုမင်းလက်ထက် (သက္ကရာဇ်၂၇၇)မင်းစည်သူနှင့် မင်းကျော်စွာ ညီနောင်နှစ်ပါးသည် တောင်သုံးလုံးမြေကို ညှိလျက်မြို့ တည်ရာကုခန္ဇ(တူးခြင်း-ညှိခြင်း)အနက်ကိုယူကာ ကူးခန်းဟုသမုတ် ခေါ်ဆိုကြသည်။ နရပတိစည်သူ မင်းလက်ထက် (သက္ကရာဇ်၅၃၆)တွင် ပခန်းအရပ်မှ သူပုန်ထရာ တိုက်ခိုက်နှိမ်နှင်းပြီး သူပုန်များပစေခန်း စေဟူသောရည်ရွယ်ချက်ဖြင့် အတိတ်ကောင်း နိမိတ်ကောင်းဖြင့် ပခန်းဟု အမည်တွင်စေခဲ့ပါသည်။ တစ်ဖန် ဟံသာဝတီ မင်းလက် ထက် ပခန်းမြို့ရိုးကိုနိမ့်ချည်မြင့်ချည်အကွက် ကျကျတည်ဆောက်၍ပခန္နဟူသောသဒ္ဒါအရပခန်းဟုတွင်ခဲ့ကြောင်း ဆိုကြသည်။ ပခန်းသည် သူ့ဂုဏ်သူ့သိန် သူ့အရှိန်နှင့် မြန်မာ့သမိုင်းတစ်လျှောက်ထွန်း တောက်ထည်ဝါခဲ့ပါသည်။ ပခန်းဒေသသည်ရှေးမင်းအ ဆက်ဆက် စိုးစံရာ ကောင်းမှုပြုရာနေရာမြတ်ဖြစ်သလို သိကြားမင်းဆက်သသည့် သရက္ခန်ရုပ်ပွားတော်မြတ်များ ကိန်းဝပ်စံပျော်ရာ အောင်မြေဒေသထူး လည်းဖြစ်ပါသည်။ ပခန်းတွင်အထင်ရှားဆုံးမှာ အလောင်းစည်သူ မင်းမြတ် တည်ထားကိုးကွယ်ခဲ့သော ပခန်းစည်သူရှင် သရက္ခန်မြတ်စွာ ဘုရား ဖြစ်ပါသည်။ နောင်မင်းအဆက်ဆက်ကလည်း ပခန်းစည်သူရှင် ကို ဦးခိုက်ပြုပြင် တည်ထားကိုးကွယ်ခဲ့ကြသည်။ မြို့အလယ် ပခန်းစည် သူရှင်မှသည် အနောက်မြောက်ယွန်းယွန်း တစ်နေရာဝယ် ပခန်း ကျောင်းတော်ကြီးရှိပါသည်။ သုံးဆင့်လည်ပေါ်မိုးပြာသာဒ် -ဘုရား ဆောင်-ဘောဂဆောင်-ကျက်သရေခန်းဆောင်-စင်္ကြံလမ်း အသွယ် သွယ်-ပန်းနွယ်ပန်းဆိုင်း-နရားဆိုင်း-နရားကြွ-စာမရီပန်းအလှတွေနှင့် မြိုင်လှသည့်ကျောင်းတော်ကြီး ဖြစ်ပါသည်။ သန်လျက်ကိုင်-သားမြီး ယပ်ကိုင်-နတ်ရုပ်-ဘီလူးရုပ်-တို့က လည်းတံခါးရွက်တိုင်ဝယ် စောင့် ကြပ်နေပုံတို့မှာ လွန်စွာအသက်ဝင်လှပါသည်။ ကြီးကျယ်တုတ်ခိုင် တိုင်လုံးကြီးများနှင့် တည်ဆောက်ထားသော ကျောင်းတော်ကြီး၏ ကောင်းမှုရှင်မှာ ကျီဝန်မင်းဦးဖိုးတုတ် ဖြစ်ပေသည်။ ဆင်များဖြင့်တည် ဆောက်ရသောကြောင့် ပခန်းကျောင်းတော်ကြီးအနီး ဆင်သင်္ချိုင်း အထိမ်းအမှတ်ကိုလည်း တွေ့မြင်ရပေမည်။

ပခန်းကြီးမြို့ဟောင်း အရှေ့မြောက်ယွန်းသော် ချင်းတွင်းမြစ် ကမ်းဘေး ချစ်သူရွာအနီး ပခန်းမင်းကြီးဦးရန်ဝေး၏ ကျောင်းကြီးလည်း ရှိပါသည်။ ကျောင်းကြီး၏ကြီးကျယ်ပုံမှာ ၃၃၂ တိုင်ဖြင့်တည် ဆောက် ထားရာပခန်းကြီးကျောင်း ထက်တိုင်လုံးရေ ၇၈ တိုင်ပိုပေသည်။ တိုင် တစ်တိုင်လုံးပတ်မှာ (၆ပေ x ၄ပေ)တိုင်အရှည်မှာ ပေ ၈ဝ ထိရှိပြီး လှေကားကြီး ၈ စင်းကလည်း ထုထည်ကြီးမားလှပါသည်။ ပခန်းငယ် ကျောင်းတော်ကြီးအား သက္ကရာဇ် ၁၂၁၂ မှ စတင်တည်ဆောက်ပြီး အနုသုခုမ ပန်းပုလက်ရာများနှင့် ၄ နှစ်ကြာမှ ပြီးစီးလေသည်။ ပခန်း မင်းကြီး ဦးရန်ဝေးသည် မင်းတုန်းမင်း၏ ငယ်ဆရာပထမဦးဆုံး လွှတ် တော်ဥက္ကဋ္ဌလည်းဖြစ်ပါသည်။ တော်တည့်ဖြောင့်မတ်မှန်ကန်သော ဝန်ကြီး လည်း ဖြစ်ရာဘုရင်မှူးမတ် အပေါင်းက လေးစားချစ်ကြောက် ရိုသေရသော သေနတ်ဝန်မင်းကြီးဖြစ်ကာ ဘုရင်ကပွဲတော်အုပ်ည နံနက်ပို့ပေးစေတော်မူသောပခန်း သားဝန်ကြီးဟု သမိုင်းမော်ကွန်း တင်ခဲ့ပါသည်။ ပခန်း၏မြောက်သွားသော် နာမည်ကျော်ရွှေဥမင်တောရ ကျောင်းတည်ရှိပါသည်။ ဘုရင်ကိုးကွယ်သည့် တောင်ဖီလာဆရာတော် လေးစားကြည်ညိုရသော တောရဆရာတော်လည်းဖြစ်သည်။ ဘာသာ ရေးကျမ်းပေါင်းများစွာ ပြုစုခဲ့ပြီး ဆရာတော် မိန့်ကြားသောကြောက်၍ တစ်ပါးတည်းနေပါသည်ဟူသော စကားသည် သမိုင်းတွင်နေဆဲဟု ဆိုရပါမည်။ ကိုလိုနီခေတ်တွင် ခရစ်ယာန်ပညာရေးများ အားကောင်း နေချိန်ပခန်းနယ်၏ ဗုဒ္ဓဘာသာကျောင်းဟုဆိုရမည့်ခဲလူ ကျောင်းသည် လည်း ပခန်းကြီး မြို့ဟောင်းရောက်လျှင် လေ့လာစရာနေရာတစ်ခု ဖြစ်ပါသည်။ ပခန်း၏အနောက်တောင် အရပ်တွင်တည်ရှိပြီး ဆရာတော်ဦး ပညာဇောတက သက္ကရာဇ် ၁၉ဝဝ ပြည့်နှစ်က လောကဓာတ်ပညာ လောကုတ္တရာ ပညာရပ်များပါ သင်ကြား ပေးခဲ့သော ကျောင်းတော်ကြီးလည်းဖြစ်ပါသည်။ ခဲလူကျောင်းသည် မူလတန်းမှအထက်တန်းထိ အထက်တန်းအောင်ကျောင်းသား မောင်မယ်များကလည်း ဆရာအတတ်သင် ပညာပါ သင်ကြားပေးခဲ့သည့် ကျောင်းလည်းဖြစ်ပါသည်။ ပခန်းကြီးမှရောက်လျှင် နာမည်ကျော် ပခန်းကိုကြီးကျော်နန်းသို့လည်း သွားရောက်လေ့လာနိုင်ပါသေးသည်။ ပခန်းကိုကြီး ကျော်နန်း သည်ချင်းတွင်းမြစ်ကို ချစ်သူရွာမှစက်လှေစီးကာ ထန်းတောရွာသို့ သွားရသည်။ ထန်းတော ရွာရောက်လျှင် ကိုကြီး ကျော်နန်းကိုရောက်ပေမည်။ ကိုကြီးကျော်နတ်ပွဲသည် တပေါင်းလဆန်း ၁ ရက်မှ လပြည့်နေ့အထိ တစ်နိုင်ငံလုံး လာရောက်ဆင်နွှဲသော နတ်ပွဲတော်ကြီးဖြစ်ပါသည်။ ပခန်းစည်သူရှင်ပွဲတော်သည် သင်္ကြန်တွင်း ကျင်းပပြီး ရေပက်ကစားခြင်းမရှိသော တောင်သူသုံး ဒေသထွက် ပစ္စည်းများရောင်းဝယ်ဖောက်ကားသော ပွဲတော်ကြီးလည်းဖြစ်သည်။ ပခန်းရောက် လျှင် ရှင်မတော်ဘုရား-ဆင်ကြို့ဘုရား-ရွှေတန့်တစ်ဘုရားများကိုလည်း သွားရောက်ဖူးမြော် ကြည်ညိုနိုင်ပါသည်။ ရှေးဟောင်း ယဉ်ကျေးမှုဌာနမှလည်းပခန်းနယ်၏ ရှေးဟောင်းအမွေအနှစ် များစုဆောင်းရာ ပြတိုက်ကြီးသည်လည်း ပခန်းဂုဏ်ကိုဆောင်နေပေသည်။ ပခန်းသားတို့သည် ဇာတိမာန် ထက်သန်လှသည်။ အင်္ဂလိပ်များရေကြောင်းအတိုင်း ဆန်တက်လာစဉ် ပခန်းဝန်ဦး သာမှုံသည် ပခုက္ကူမှ သည်ကွန်းရွာအထိ နယ်ချဲ့များကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ပါသည်။ သို့ဖြစ် ရာ ပခန်းသည် ဇာတိမာန်မြေ-ရှေးဟောင်းမြေဟုဆိုချင်သလို လေ့လာသင့်သော နေရာထူးဖြစ် ပေသည်ဟု ရေးသားလိုက်ရပါသည်။

နေဦးမောင် (ပခုက္ကူ)

Ads Space Available


Continue reading

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများနှင့် မိမိတို့ကိုယ်ပိုင်လုပ်ငန်းများ၊ လုပ်ငန်းခွဲများ၌ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်အပ်လိုသူများအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ကော်မတီက လျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ပြီး ညီညွတ်မှုရှိသည့် လျှောက်လွှာများကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ဗဟိုကော်မတီ၏...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့် ဒုံးကျည်များကို တောင်ကိုရီးယားက ပုံမှန်အားဖြင့် တာတိုပစ်ပဲ့ထိန်းဒုံးကျည်များအဖြစ် သတ်မှတ်‌လေ့ရှိသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအရ ပဲ့ထိန်းဒုံးကျည်များ အသုံးပြုခြင်းကို တားမြစ်ခြင်းခံထားရသည်။

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ တာသတ်မှတ်ထားပြီး လက်ရှိတွင် (၅၀၀) စင်တီမီတာကျော်တွင်ရောက်ရှိနေကြောင်း ဆိုသည်။ ယနေ့ အစောပိုင်း နံနက် (၁) နာရီဝန်းကျင်၌ ခပေါင်းချောင်းရေမှာ အနိမ့်ပိုင်းရပ်ကွက် အချို့၏ မြစ်ကမ်းနဘေးဆောက်ထားသည့် အိမ်သာအချို့ ရေတို-က်စားသွားသည်ဟု ၎င်းက ပြောသည်။ "အခုတော့ အနိမ့်ပိုင်းရပ်ကွက်မှာ ခြေသလုံးလောက်တော့ ရေဝင်နေတာပေါ့။ မိုးကလည်းရွာနေတော့ စောင့်ကြည့်နေတယ်၊ ပြောင်း‌ရရွှေ့ရလောက်တဲ့အထိတော့ မဟုတ်သေးပါဘူး။ မိုးဆက်ရွာရင်တော့ ထပ်တက်မယ့်အခြေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071