ဧရာဝတီတိုင်း၊ဇလွန်မြို့၊ဆန်တန်းရပ်ကွက်ရှိ ဧရာဝတီမြစ်အတွင်းသို့ စက်တင်ဘာ ၈ ရက်(ယနေ့) နံနက်ပိုင်းက ကလေးငယ် ၃ ဦးရေဆင်းကူးရာမှ ရေနစ်သွား၍ အမဖြစ်သူမှဆင်းကယ်စဥ် ၎င်းပါရေနစ်သွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ဇလွန်မြို့ရေဘေးကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။
ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က အသက်(၇) နှစ်၊(၈)နှစ်နှင့်(၉)နှစ်အရွယ်ရှိ ကလေးငယ်(ကျား) ၃ ဦးသည် ဇလွန်မြို့၊ဆန်တန်းရပ်ကွက်ရှိ ဧရာဝတီမြစ်အတွင်းသို့ ရေဆင်းကူးရာမှ ရေနစ်သွားသဖြင့် အသက်(၁၃)နှစ်အရွယ်ရှိ အမဖြစ်သူမှဆင်းကယ်ရာမှ ၎င်းပါရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
“ဖောင်တော်ချိတ်ဘုရားနားမှ ကလေး ၃ ယောက်က ရေဆင်းကူးကြရင်းရေနစ်သွားတဲ့အတွက် အ မကဆင်းကယ်ရင်း ၄ ယောက်လုံးရေနစ်ပျောက်ဆုံးသွားတာ အခင်းဖြစ်စဥ်ကိုစသိတဲ့အချိန်ကနေ ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့တာမှာ မိန်းကလေးရဲ့ရုပ်အလောင်းကိုပဲရှာတွေ့ခဲ့ပါတယ် ကျန်တဲ့က လေး ၃ ယောက်ကိုမတွေ့သေးတဲ့အတွက် ဆက်လက်ရှာဖွေနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ်များအား ဇလွန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်လျက်ရှိကြောင်း သိရသည်။
Photo-CJ



