မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးမှာ ဆိုးရွာစွာပျ-က်စီးမှုမရှိခဲ့သော်လည်း သာသနိကအဆောက်အဦးများအားလုံးပြိုကျပျ-က်စီးခဲ့သဖြင့် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ မတည်လှူဒါန်းမှုတို့နှင့်အတူ ပြန်လည်ပြုပြင်မှုများကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးပြင်ဆင်မှုအနေဖြင့် ကြာမှောက်ကြာလှန်၊ ရွှဲသီးနှင့် ခရေသီးများသည် မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် မူလစေတီတော်မြတ်ကြီးနှင့်ပြတ်ကာရွှေ့သွားသဖြင့် ယင်းအပိုင်းကိုဖယ်ရှားပြီး ပြန်လည်တည်ဆောက်လျက်ရှိကာ စေတီတော်အောက်ပိုင်းမှ ကွဲအက်ပျ-က်စီးသွားသော ပစ္စယံများကိုလည်း အကောင်းအတိုင်းနီးပါးပြန်လည်ပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။
” ပြိုကျပျ-က်စီးသွားတဲ့ အာရုံခံအဆောက်အဦးအားလုံးကို ရှင်းလင်းဖယ်ရှားပြီး အသစ်ပြန်တည်ဆောက်နေပါတယ်။ နောက်ရင်ပြင်တော်ပေါ်မှာရှိတဲ့ ပြိုကျနေတဲ့ သာသနိကအဆောက်အဦးတွေကိုလည်း ဖယ်ရှားရှင်းလင်းထားပြီးဖြစ်ပါတယ်။ အခု ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးရဲ့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းဟာ စေတီတော်တစ်ဆူလုံးရဲ့ (၄၀)ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် ပြန်တည်တည်ဆောက်မှုအနေဖြင့် စေတီတော်မြတ်ကြီး၏အရပ်လေးမျက်နှာရှိ ဆင်းတုတော်လေးဆူသီတင်းသုံးပူဇော်မည့် အာရုံခံအဆောက်အဦးများကိုလည်း တည်ဆောက်တော့မည်ဖြစ်ကာ စေတီတော်မြတ်ကြီးအရှေ့ဘက်ရှိ ကျွံကျသွားသော ရင်ပြင်တော်များကိုလည်း ဘိုးပိုင်များဖြင့် ဖောင်ဒေးရှင်းပိုင်းကိုစတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
