ဆွစ်ဇာလန်နိုင်ငံ နှင်းလျှောစီးအပန်းဖြေစခန်းရှိ ဘားတစ်ခု၌ ကြာသပတေးနေ့နံနက်အစောပိုင်းက နှစ်သစ်ကူး ပါတီပွဲလာသူများရောက်ရှိနေချိန်တွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့သောကြောင့် လူများ ဒါဇင်နှင့်ချီ၍ ေ-သဆုံးခဲ့ကာ ၁၀၀ ကျော် ဒ-ဏ်ရာရခဲ့ကြောင်း ဆွစ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆွစ်ဇာလန်အနောက်တောင်ပိုင်းရှိ အယ်လ်ပိုင်း နှင်းလျှောစီးအပန်းဖြေစခန်းမြို့ ကရန်စ်-မွန်တားနား၏ အလယ်ဗဟိုရှိ ဘားတစ်ခုဖြစ်သော လွတ်ကွန်စတန်လေးရှင်းတွင် နံနက် တစ်နာရီခွဲအချိန်၌ မီးလေ-ာင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ကရန်စ်-မွန်တားနားသည် ဆွစ်မြို့တော် ဘန်း၏ တောင်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် တည်ရှိသည်။
“ဘယ်လိုအရာက နေစပြီး ပေါက်ကွဲမှန်းမသိသေးပါဘူး” ဟု ဆွစ်ဇာလန်အနောက်တောင်ပိုင်း ဝေါလစ္စကန်တုန် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂေတန်လာသီယွန်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
မြို့ရှိ အဆိုပါဘားသည် ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်သော နေရာတစ်ခုဖြစ်သည်။ အခင်းဖြစ်ပွားချိန်က ဘားအတွင်း လူ ၁၀၀ ကျော်ရှိနေခဲ့သည်ဟု ရဲတပ်ဖွဲ့ကို ကိုးကား၍ ဆွစ်ဇာလန်မီဒီယာ ဘဘစ်က်က သတင်းဖော်ပြခဲ့သည်။
ဖြစ်စဉ်အတွင်း လူဒါဇင်များစွာ ေ-သဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့မှူး ဖရေးဒရစ် ဂီဆလာက အရေအတွက်အတိအကျ မဖော်ပြဘဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် ဒ-ဏ်ရာရသူ ၁၀၀ ကျော်ရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: အယ်ဂျာဇီးယား
