မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်က ဆေးဝါးစက်ရုံ(အင်ရောင်း)၌ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် သွေးကြောသွင်းဆေးရည် ထုတ်လုပ်ရေးဌာနရှိ အဆောက်အအုံ နှင့် စက်ပစ္စည်းကိရိယာများပျက်စီးခဲ့၍ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပြီးဆေးရည်များ ပြန်လည်ထုတ်လုပ်မှုစတင်နေပြီးဖြစ်ကြောင်း ယနေ့ ဩဂုတ်(၁၁)ရက်တွင် နိုင်ငံပိုင်ရုပ်သံမှတဆင့် အသိပေးထားကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံများသည် ပြည်သူများလိုအပ်သည့် အခြေခံဆေးဝါးများကို ထုတ်လုပ်ပေးနေသည့်အတွက် ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ပေးနေခြင်းမရှိခဲ့သည့် ကာလများအတွက်ပါ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ပြည်သူများ လိုအပ်သည့်ဆေးဝါးများထုတ်လုပ်ပေးနိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်သလို ဆေးဝါးအမည်သစ်များ၊ အခြေခံဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် စီမံချက်များရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ရမည့်အပြင် အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းများဖြင့်ပါဆောင်ရွက်နိုင်ရေးကို စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
