Sunday, May 18, 2025

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed...

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်း ယခုမေ (၂၅)ရက်မှ (၃၀) ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို...

ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာတည် ဆောက်နေသည့်...

ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာ တည်ဆောက်နေသည့် KBZ Center Mandalay အား KBZ Foundation နာယက ဦးအောင်ကို၀င်း ယမန်နေ့...

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့...

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...
HomeInternationalဆေးကုသမူခံယူ​နေရသည့် ထိုင်းဘုရင့်သမီး​တော်ကြီး အတွက်...

ဆေးကုသမူခံယူ​နေရသည့် ထိုင်းဘုရင့်သမီး​တော်ကြီး အတွက် ပြည်သူများနှင့်တရုတ်သံအမတ်ကဆေးရုံသို့ လာ​ရောက်ဆု​တောင်း​ပေး

ထိုင်းနိုင်ငံ၏ ဒသမ​မြောက် ရာမဘုရင် မဟာဝဇီရ​လောင်ကွန်း ၏သမီး​ကြီး HRH Princess Bajrakitiyabha သည် နှလုံး​ရောဂါ​ကြောင့်သတိလစ်ပြီး ဘန်​ကောက်ရှိ ချူလာလောင်ကွန်ဆေးရုံတွင်ကုသမူခံယူ​နေရာပြန်လည်ကျန်းမာလာစေရန် အတွက်ဆေးရုံတွင်ပြည်သူများကလာ​ရောက်ဆုတောင်း​ပေး​နေကြသည်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Han Zhiqiang ကလည်း  သမီး​တော်ကို အမြန်ပြန်လည်ကျန်းမာလာစေရန် ​ဆေးစုံသိုလာ​ရောက်ပြီး ဆုတောင်းမေတ္တာပို့သသည့် သဝဏ်လွှာကိုထိုင်းဘာသာဖြင့် ရေးသားခဲ့သည်။

တနင်္ဂနွေနေ့တွင် HRH Princess Bajrakitiyabha အမြန်ပြန်ကောင်းလာစေရန်အတွက် ထိုင်းလူမျိုးများသည် ချူလာလောင်ကွန်းဆေးရုံသို့ ထပ်မံရောက်ရှိလာခဲ့ကြသည်။

မင်းသမီး Bajrakitiyabha သည် ထိုင်းဘုရင် Vajiralongkorn ၏ အကြီးဆုံးသမီးတော်ဖြစ်ပြီး အသက် ၄၄ နှစ်ရှိပြီဖြစ်သည်။

 ဗုဒ္ဓဟူးနေ့ ညနေက နခွန်ရာချာ့စ်စီမာ ​ဒေသရှိ ပွဲတစ်ခုကို တက်ရောက်ရင်း  နှလုံးရောဂါ​ကြောင့်လဲကျသတိလစ်သွားခဲ့​ကြောင်း၊ထိုနယ်မှတဆင့်ဘန်​ကောက်သို့သယ်​ဆောင်လာပြီး ကုသမူခံယူ​နေ​ကြောင်း နန်းတော်က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် “Princess Bha” ဟုလူသိများသော Bajrakitiyabha သည်သြစတြီးယား၊ Slovenia နှင့် Slovakia ဆိုင်ရာထိုင်းသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ 

သူမသည် New York, Cornell University မှ ဥပဒေ PhD ရရှိထားပြီး United Nations နှင့် လက်တွဲအလုအ်လုပ်ဖူးခဲ့သည်။

သူမသည် ထိုင်းတရားစီရင်ရေးမဏ္ဍိုင်တွင် အစိုးရရှေ့နေအဖြစ်လည်း လုပ်ဆောင်ခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို နှိမ်နင်းရန် အဓိကအာရုံစိုက်ခဲ့သည်။

Ref: khaosod

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်မည်

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်း ယခုမေ (၂၅)ရက်မှ (၃၀) ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကော်မတီမှ ကြီးမှူး၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး Speed Boat များဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် စနစ်ကျပြီး စွမ်းရည်မြင့်မားသော ရေပြင်ရှာဖွေကယ်ဆယ်ရေးသမားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် ကယ်ဆယ်ရေးသင်တန်းအခြေခံ တက်ရောက်ပြီးသူ၊ ရေကူးတတ်သူ၊ လိုအပ်ပါက ရေပြင်ကယ်ဆယ်ရေးတွင် ကုသိုလ်ပြုဆောင်ရွက်နိုင်သူ၊ ငလျှင်ကယ်ဆယ်ရေးကာလ၌...

ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာတည် ဆောက်နေသည့် KBZ Center Mandalay အား KBZ Foundation နာယက ဦးအောင်ကို၀င်း သွားရောက်ကြည့်ရှူ

ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာ တည်ဆောက်နေသည့် KBZ Center Mandalay အား KBZ Foundation နာယက ဦးအောင်ကို၀င်း ယမန်နေ့ မေလ (၁၇)ရက်က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ စင်တာအား မန္တလေးငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် မြန်မာနိုင်ငံတစ်ဝန်းမှ ရဟန်းရှင်လူ ပြည်သူများကို ကာလရှည် ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ပြီး KBZ Center Mandalay ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၇၃) လမ်း x (၁၁၀) လမ်းရှိ (၁၆)...

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့ တစ်ပတ်ကို ပျမ်းမျှ ယူကရိန်းနှင့်ရုရှားစစ်သား ၅,၀၀၀ ကျော်‌ေ-သဆုံးနေရတဲ့ သွေးချောင်းစီးစစ်ကြီးကိုရပ်တန့်ဖို့ပါပဲ။ ကုန်သွယ်ရေး ကိစ္စတွေလည်း ဆွေးနွေးမှာပါ” ဟု ထရမ့်ပ်ကပြောကြားခဲ့သည်။ ယင်းနောက်၎င်းအနေဖြင့် ယူကရိန်းသမ္မတဇယ်လန်းစကီးအပါအဝင် နေတိုးအဖွဲ့ဝင်များနှင့်ပါ အသီးသီးတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကာ အဆိုပါနေ့သည် အကျိုးရှိသောနေ့တစ်နေ့ဖြစ်လာကာ အပစ်အခတ်ရပ်စဲရေးသည် ဖြစ်လာလိမ့်မည်ဟု ယုံကြည်‌ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲအပြီး၌ နှစ်ဖက်ကိုယ်စားလှယ်များသည် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများကို အသစ်တကြိမ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071